မတူပီမြို့သိမ်းတိုက်ပွဲကနေ ထွက်ပြေးတဲ့ စစ်ကောင်စီတပ်သားရာချီကို လက်နက်တွေနဲ့အတူပြန်ဖမ်းမိ တယ်လို့ ချင်းညီနောင်ပြော

Photo – Chin Brotherhood

ဇူလိုင် ၊ ၂၈

ချင်းပြည်နယ်၊ မတူပီမြို့သိမ်းတိုက်ပွဲအတွင်း စစ်ကောင်စီတပ်စခန်းတွေကနေ စခန်းစွန့်ခွာထွက်ပြေးသွားတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေကို ဇူလိုင် ၂၅ ရက်မှာ ဒုတိယသုတ်အနေနဲ့ ထပ်မံဖမ်းဆီးရမိခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ဒီကနေ့ သတင်းထုတ်ပြန်ပါတယ်။

“အတိအကျတော့ မထုတ်ပြန်ဘူးခင်ဗျ၊ ရာနဲ့ချီပြီးလို့ အကြမ်းဖျင်း ပြောလို့ရပါတယ်” လို့ ဖမ်းဆီးရမိသူ အရေအတွက်နဲ့ ပတ်သက်ပြီး ချင်းညီနောင် ပြောရေးဆိုခွင့်ရှိသူ ကိုယောမာန်က DNA ကို ပြောပါတယ်။

အဲ့ဒီစစ်ကောင်စီတပ်ကို လိုက်လံဖမ်းဆီးချိန်မှာနှစ်ဖက်ထိတွေ့တိုက်ပွဲ နှစ်နာရီနီးပါး ဖြစ်ခဲ့သေးတယ်လို့ လည်း သိရပါတယ်။

စစ်ကောင်စီတပ်ရဲ့ ခမရ ၃၀၄၊ ခလရ ၁၄၀ နဲ့ စစ်ဗျူဟာတခု အခြေစိုက်တဲ့ မတူပီမြို့ကို ချင်းညီနောင်က ရက်နှစ် ဆယ်ကျော်ကြာ ထိုးစစ်ဆင်ပြီးနောက် ပြီးခဲ့တဲ့ ဇွန်လ ၂၉ ရက်နေ့မှာ အပြီးသတ် သိမ်းပိုက်နိုင်ခဲ့တာဖြစ်ပါတယ်။

အဲဒီ တပ်စခန်းသုံးခုက စစ်ကောင်စီတပ်ဖွဲ့ဝင်နဲ့ မိသားစုဝင်တွေ၊ အရပ်ဘက်ဝန်ထမ်းတွေ စုစုပေါင်း ခြောက်ရာ လောက်ဟာ  ဇွန်လ ၂၉ ရက် ညမှာပဲ စခန်းတွေကို စွန့်ခွာပြီး တောလမ်းအတိုင်း ထွက်ပြေးသွားကြတာလို့ သိရပါ တယ်။

အဲဒီလို ထွက်ပြေးသွားသူတွေကို ချင်းညီနောင်အဖွဲ့က လိုက်လံဖမ်းဆီးခဲ့ပြီး ပြီးခဲ့တဲ့ ဇူလိုင် ၁၇ ရက်ကတော့ ကလေးငယ်တွေအပါအဝင် စုစုပေါင်း ၁၂၀ ဝန်းကျင်ကို ဖမ်းဆီးရမိကာ လက်နက်တွေကိုလည်း သိမ်းဆည်းရမိ ခဲ့တယ်လို့ ချင်းညီနောင်အဖွဲ့က ပြောထားပါတယ်။

ဒါ့အပြင် ကျန်ရှိနေသေးတဲ့ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေကိုလည်း လိုက်လံရှင်းလင်းနေ တယ်လို့ ဆိုပါတယ်။

အဲဒီလို ထွက်ပြေးတဲ့အထဲပါဝင်သူတွေဟာ လမ်းခရီးမှာ အစာရေစာပြတ်လတ်ပြီးသေဆုံးတာ၊ ချောင်းကို ဖြတ် ကူးရင်းနဲ့ သေဆုံးတာတွေ အများအပြားရှိခဲ့တယ်လို့ ထွက်ပြေးသွားရာက ချင်းညီနောင်တပ်ဖွဲ့ဆီ လက်နက်ချခဲ့ တဲ့ ဗိုလ်မှူး ရဲမင်းထွန်းကပြောထားပါတယ်။

“ရေထဲမျောပါသွားတဲ့အဖွဲ့တွေလည်းရှိပါတယ်၊ ကုန်းဘက်ကို ရောက်ရင် အင်အားက ၄၅၀ လောက်ပဲ ကျန်တော့ တယ်၊ ရဲမေ၊ မှီခို မိသားစုလည်း ဆယ်ယောက်၊ ဆယ့်ငါးရောက်လောက်ပျောက်သွားတာရှိတယ်” လို့ ချင်းညီနောင်ဘက်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်အတွင်း ဗိုလ်မှူး ရဲမင်းထွန်းကပြောပါတယ်။

ဗိုလ်မှူး ရဲမင်းထွန်းဟာ အရပ်သားတဦးအပါအဝင် တခြားတပ်ဖွဲ့ဝင်ဆယ်ဦးနဲ့အတူ မတူပီကနေ အတူထွက် လာတဲ့ စစ်ကြောင်းကနေ ဇူလိုင် ၆ ရက်နေ့မှာ ခွဲထွက်လာခဲ့ပြီး ဇူလိုင် ၉ ရက်နေ့မှာတော့ ချင်းညီနောင်အဖွဲ့ဆီ လက်နက်ချခဲ့ပါတယ်။

“လမ်းမှာ ငါးရက်၊ ခြောက်ရက်လောက် ကြာပြီးတဲ့အချိန်မှာ ပါလာတဲ့ ရဲမေတွေ၊ မိသားစုဝင်တွေ၊ ကလေးငယ် တွေရော ငတ်ပြတ်ပြီးတော့ သေဆုံးတဲ့အပိုင်းတွေရှိလာတယ်၊ ဆေးဝါးလည်းပြတ်တောက်လာတဲ့အတွက် ဒဏ် ရာရတဲ့အဖွဲ့တွေကို မကုသပေးနိုင်တဲ့အတွက် သေဆုံးသွားတာတွေလည်းရှိပါတယ်” လို့လည်း သူကပြောထားပါတယ်။

အလားတူပဲ ပထမအသုတ် ဖမ်းဆီးရမိတဲ့ထဲပါတဲ့ ကလေးငယ်တွေနဲ့ ပတ်သက်ပြီး ချင်းညီနောင်က ထုတ်ပြန်တဲ့ ရုပ်သံဖိုင်ထဲမှာလည်း အသက်လေးနှစ်နဲ့ ဆယ်နှစ်အရွယ် ကလေးငယ်နှစ်ဦးက ထွက်ပြေးရင်းနဲ့ လမ်းမှာ သူတို့ ထမင်းမစားရတာ ဆယ်ရက်လောက်ရှိခဲ့တဲ့အကြောင်း ပြောထားပါတယ်။

ဒုတိယသုတ် ဖမ်းဆီးရမိသူတွေထဲမှာလည်းအလားတူအခြေအနေကြုံခဲ့ရသူတွေပါဝင်ပြီး သူတို့ကို လုံခြုံတဲ့နေ ရာကို ခေါ်လာချိန်မှာ အစာရေစာပြတ်လပ်တဲ့ဒဏ်၊ဆေးဝါးမရှိတာ၊ တိုက်ပွဲအတွင်းရခဲ့တဲ့ဒဏ်ရာကိုမကုသနိုင် တာ စတာတွေကြောင့် သေဆုံးသူတချို့ရှိတယ်လို့ ချင်းညီနောင်ကပြောပါတယ်။

လက်ရှိ ဖမ်းဆီးရမိထားတဲ့သူတွေကိုတော့ စစ်သုံ့ပန်းဥပဒေနဲ့အညီ ကောင်းမွန်စွာ ထိန်းသိမ်းစောင့်ရှောင့်ထား တယ်လို့လည်း ချင်းညီနောင်အဖွဲ့ ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။