ဟင်္သာတ ပျံကျစျေးသည်တွေအတွက် မြို့ပေါ် နေရာ ၄ ခုမှာ ရောင်းချခွင့်ပြုမည်

By – Delta News Agency

၁၆၊ ဧပြီ၊ ၂၀၂၀။

တိုင်းဒေသကြီးစည်ပင်သာယာရေး အမိန့်နဲ့ ဟင်္သာတမြို့ပေါ် စည်ပင်သာယာဧရိယာအတွင်းက ပျံကျစျေးတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့အပြီးမှာ အခုလို အစားထိုးနေရာ ၄ ခုကို ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီလို့ ဟင်္သာတမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။

အစားထိုး ရောင်းချမယ့် နေရာတွေ အဖြစ် ဦးပါရဲဘုရားပွဲကျင်းပလေ့ရှိတဲ့ ကွပ်လပ် ၊ ဦးပါရဲ ဘုရားအနီး တာကြီးဘေးက ယူကလစ်တော ၊ အေးမြသာယာပန်းခြံရှေ့ နဲ့ ကနောင်စုက မီးရထားဘောလုံးကွင်း နေရာတွေကို သတ်မှတ်ထားပြီး အရံအဖြစ် အထက ၃ ဘောလုံးကွင်းနေရာကို လျာထားသတ်မှတ်တယ်လို့ ဦးလှမြင့်က ပြောပါတယ်။

တိုင်းစည်ပင်ရဲ့ ကြေညာချက်မှာ ပျံကျစျေးတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ တိုးဝှေ့ရောင်းချနေကြတာ ၊ Mask မတပ်ကြတာကြောင့် ကူးစက်ရောဂါအတွက် စိုးရိမ်ရတဲ့အတွက် ပိတ်ဖို့ ညွှန်ကြားရတယ်လို့ ပါရှိပါတယ်။

Delta News Agencyက တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပျံကျစျေးတွေကို ဧပြီလကုန်အထိ ပိတ်ထားရနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ် သက်ဆိုင်ရာ စျေးအဖွဲ့တွေ ၊ မြို့မိမြို့ဖတွေ စည်ပင်ကော်မတီတွေနဲ့ ညှိနှိုင်းပြီး နေရာကျယ်ကျယ်ဝန်းဝန်သတ်မှတ် ရောင်းချမယ်ဆို ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။

အခု ဟင်္သာတမြို့ပေါ်က ပျံကျစျေးတွေအတွက် နေရာ ၄ခုကို သတ်မှတ်ထားပြီး တစ်ပတ်အတွင်း စတင်ရောင်းချနိုင်အောင် စီစဉ်သွားမယ်လို့ ဟင်္သာတစည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။

(Zawgyi)

တိုင်းဒေသကြီးစည်ပင်သာယာရေး အမိန့်နဲ့ ဟင်္သာတမြို့ပေါ် စည်ပင်သာယာဧရိယာအတွင်းက ပျံကျဈေးတွေကို ပိတ်ဖို့ ညွှန်ကြားခဲ့အပြီးမှာ အခုလို အစားထိုးနေရာ ၄ ခုကို ပြန်လည်ရောင်းချဖို့ စီစဉ်နေပြီလို့ ဟင်္သာတမြို့စည်ပင်သာယာရေးကော်မတီဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။


တိုင်းစည်ပင်ရဲ့ ကြေညာချက်မှာ ပျံကျဈေးတွေအနေနဲ့ တစ်ဦးနဲ့တစ်ဦး နီးကပ်စွာ တိုးဝှေ့ရောင်းချနေကြတာ ၊ Mask မတပ်ကြတာကြောင့် ကူးစက်ရောဂါအတွက် စိုးရိမ်ရတဲ့အတွက် ပိတ်ဖို့ ညွှန်ကြားရတယ်လို့ ပါရှိပါတယ်။

Delta News Agencyက တိုင်းဒေသကြီး စည်ပင်ဝန်ကြီး ဦးကျော်မြင့်ကို ဆက်သွယ်မေးမြန်းရာမှာတော့ ပျံကျဈေးတွေကို ဧပြီလကုန်အထိ ပိတ်ထားရနိုင်တယ်လို့ ပြောပါတယ်။ ဒါပေမယ် သက်ဆိုင်ရာ ဈေးအဖွဲ့တွေ ၊ မြို့မိမြို့ဖတွေ စည်ပင်ကော်မတီတွေနဲ့ ညှိနှိုင်းပြီး နေရာကျယ်ကျယ်ဝန်းဝန်သတ်မှတ် ရောင်းချမယ်ဆို ခွင့်ပြုပေးမယ်လို့ ပြောပါတယ်။

အခု ဟင်္သာတမြို့ပေါ်က ပျံကျဈေးတွေအတွက် နေရာ ၄ခုကို သတ်မှတ်ထားပြီး တစ်ပတ်အတွင်း စတင်ရောင်းချနိုင်အောင် စီစဉ်သွားမယ်လို့ ဟင်္သာတစည်ပင်သာယာရေးကော်မတီ ဥက္ကဌ ဦးလှမြင့်က ပြောပါတယ်။