ရန်ကုန်က ပြန်လာတဲ့ ညောင်ကျိုးသူတစ်ဦး သီးသန့်စောင့်ကြည့်စဉ် သေဆုံး

၁၈၊ ဧပြီ၊ ၂၀၂၀။

အင်္ဂပူမြို့နယ်၊ ညောင်ကျိုးကျေးရွာမှာ ရန်ကုန်က ပြန်လာပြီး သွားလာကန့်သတ်စောင့်ကြည့်ရေးစင်တာမှာ နေထိုင်သူ အမျိုးသမီးကြီးတစ်ဦး ဒီနေ့မှာပဲသေဆုံးသွားပါတယ်။

အဲဒီအမျိုးသမီးဟာ ဗိုက်အောင့်တဲ့ဝေဒနာကြောင့် အင်္ဂပူမြို့နယ်ဆေးရုံ ၊ မြို့နယ်ဆေးရုံမှတဆင့် ဟင်္သာတခရိုင်ဆေးရုံကြီးသို့ လွှဲပြောင်းကုသစဉ်မှာ သေဆုံးသွားခဲ့တာ ဖြစ်ပါတယ်။

သေဆုံးသူဟာ အသက် ၇၂နှစ်အရွယ် အမျိုးသမီးတစ်ဦး ဖြစ်ပြီး Covid-19 ရောဂါပိုးရှိလူနာဟုတ်မဟုတ်ကို ရန်ကုန်အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာဌာနကို ပေးပို့စစ်ဆေးထားစဲ ဖြစ်တယ်လို့ ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးဒေါက်တာဒေါ်ဌေးဌေးလှိုင်က Delta News Agencyကို အတည်ပြု ဖြေကြားခဲ့ပါတယ်။

“သူကတော့ ကွာရင်တင်းဆိုဒ်ကပေါ့ ၊အရင်ကတည်းက ဗိုက်အောင့်တဲ့ရာဇဝင်ရှိတယ် ၊အခုအရမ်းအောင့်လာတယ် ၊ အဲဒါနဲ့ ဆေးရုံကိုလွှတ်လိုက်တာပေါ့နော် ၊ ဟိုက စလွှတ်လိုက်ကတည်းက သွေးပေါင်နည်းတယ်လို့ ပြောတယ်လေ ၊ ဆေးရုံရောက်လာတော့ ကြည့်လိုက်တော့ အစာအိမ်ပေါက်တဲ့လက္ခဏာပေါ့ ၊ သွေးပေါင်လည်းအရမ်းကျနေတော့ အသက်ကယ်လုပ်ငန်းစဉ်တွေ လုပ်နေတုန်း ဆုံးသွားတာ”လို့ ဟင်္သာတခရိုင်ဆေးရုံအုပ်ကြီးက ဆက်ပြောပါတယ်။

သေဆုံးသူရဲ့ ဓါတ်ခွဲနမူနာကို ရန်ကုန်က အမျိုးသားကျန်းမာရေးဓါတ်ခွဲမှုဆိုင်ရာ ဌာနကို ပေးပို့ထားပြီး အစောဆုံး မနက်ဖြန်မနက်နဲ့ နောက်ကျရင် မနက်ဖြန်ညနေပိုင်းလောက် အဖြေသိရမယ်လို့လည်း ဆိုပါတယ် ။

သေဆုံးသူဟာ သားဖြစ်သူနဲ့အတူ ရန်ကုန် ၊ လှော်ကားကနေ ဧပြီလ ၁၅ ရက်နေ့မှာ အင်္ဂပူကိုပြန်လာသူတွေ ဖြစ်တယ်လို့ အင်္ဂပူမြို့နယ်အုပ်ချုပ်ရေးမှုး ဦးရဲရင့်ထွန်းက ပြောပါတယ် ။ “အခုကတည်းက သူ့သားကို သီးခြားခွဲထားပြီး စောင့်ကြည့်နေတယ်။ တကယ်လို့ ဆေးစစ်တဲ့အခါ ထွက်လာတဲ့ အဖြေပေါ်မှာ မူတည်ပြီး ထိစပ်ခဲ့သူတွေကိုလည်း သီးခြားခွဲပြီး စောင့်ကြည့်တာတွေ ၊ ဓါတ်ခွဲနမူနာ စစ်ဆေးဖို့တွေ လုပ်ဆောင်သွားမယ်”လို့ ပြောပါတယ်။

(Zawgyi)

၁၈၊ ဧၿပီ၊ ၂၀၂၀။

အဂၤပူၿမိဳ႕နယ္၊ ေညာင္က်ိဳးေက်း႐ြာမွာ ရန္ကုန္က ျပန္လာၿပီး သြားလာကန႔္သတ္ေစာင့္ၾကည့္ေရးစင္တာမွာ ေနထိုင္သူ အမ်ိဳးသမီးႀကီးတစ္ဦး ဒီေန႔မွာပဲေသဆုံးသြားပါတယ္။

အဲဒီအမ်ိဳးသမီးဟာ ဗိုက္ေအာင့္တဲ့ေဝဒနာေၾကာင့္ အဂၤပူၿမိဳ႕နယ္ေဆး႐ုံ ၊ ၿမိဳ႕နယ္ေဆး႐ုံမွတဆင့္ ဟသၤာတခ႐ိုင္ေဆး႐ုံႀကီးသို႔ လႊဲေျပာင္းကုသစဥ္မွာ ေသဆုံးသြားခဲ့တာ ျဖစ္ပါတယ္။

ေသဆုံးသူဟာ အသက္ ၇၂ႏွစ္အ႐ြယ္ အမ်ိဳးသမီးတစ္ဦး ျဖစ္ၿပီး Covid-19 ေရာဂါပိုးရွိလူနာဟုတ္မဟုတ္ကို ရန္ကုန္အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာဌာနကို ေပးပို႔စစ္ေဆးထားစဲ ျဖစ္တယ္လို႔ ဟသၤာတခ႐ိုင္ေဆး႐ုံအုပ္ႀကီးေဒါက္တာေဒၚေဌးေဌးလႈိင္က Delta News Agencyကို အတည္ျပဳ ေျဖၾကားခဲ့ပါတယ္။

“သူကေတာ့ ကြာရင္တင္းဆိုဒ္ကေပါ့ ၊အရင္ကတည္းက ဗိုက္ေအာင့္တဲ့ရာဇဝင္ရွိတယ္ ၊အခုအရမ္းေအာင့္လာတယ္ ၊ အဲဒါနဲ႔ ေဆး႐ုံကိုလႊတ္လိုက္တာေပါ့ေနာ္ ၊ ဟိုက စလႊတ္လိုက္ကတည္းက ေသြးေပါင္နည္းတယ္လို႔ ေျပာတယ္ေလ ၊ ေဆး႐ုံေရာက္လာေတာ့ ၾကည့္လိုက္ေတာ့ အစာအိမ္ေပါက္တဲ့လကၡဏာေပါ့ ၊ ေသြးေပါင္လည္းအရမ္းက်ေနေတာ့ အသက္ကယ္လုပ္ငန္းစဥ္ေတြ လုပ္ေနတုန္း ဆုံးသြားတာ”လို႔ ဟသၤာတခ႐ိုင္ေဆး႐ုံအုပ္ႀကီးက ဆက္ေျပာပါတယ္။

ေသဆုံးသူရဲ႕ ဓါတ္ခြဲနမူနာကို ရန္ကုန္က အမ်ိဳးသားက်န္းမာေရးဓါတ္ခြဲမႈဆိုင္ရာ ဌာနကို ေပးပို႔ထားၿပီး အေစာဆုံး မနက္ျဖန္မနက္နဲ႔ ေနာက္က်ရင္ မနက္ျဖန္ညေနပိုင္းေလာက္ အေျဖသိရမယ္လို႔လည္း ဆိုပါတယ္ ။

ေသဆုံးသူဟာ သားျဖစ္သူနဲ႔အတူ ရန္ကုန္ ၊ ေလွာ္ကားကေန ဧၿပီလ ၁၅ ရက္ေန႔မွာ အဂၤပူကိုျပန္လာသူေတြ ျဖစ္တယ္လို႔ အဂၤပူၿမိဳ႕နယ္အုပ္ခ်ဳပ္ေရးမႈး ဦးရဲရင့္ထြန္းက ေျပာပါတယ္ ။ “အခုကတည္းက သူ႔သားကို သီးျခားခြဲထားၿပီး ေစာင့္ၾကည့္ေနတယ္။ တကယ္လို႔ ေဆးစစ္တဲ့အခါ ထြက္လာတဲ့ အေျဖေပၚမွာ မူတည္ၿပီး ထိစပ္ခဲ့သူေတြကိုလည္း သီးျခားခြဲၿပီး ေစာင့္ၾကည့္တာေတြ ၊ ဓါတ္ခြဲနမူနာ စစ္ေဆးဖို႔ေတြ လုပ္ေဆာင္သြားမယ္”လို႔ ေျပာပါတယ္။