အမေရိကန်လယ်သမားတွေကို ကူညီထောက်ပံ့မယ့် အစီအစဥ် သမ္မတထရန့် ကြေငြာ

၁၈၊ ဧပြီ၊ ၂၀၂၀။

အမေရိကန်နိုင်ငံမှာ ကိုရိုနာရောဂါဂယက်ရိုက်ခတ်မှုဒဏ်ခံစားနေရတဲ့ လယ်သမားတွေကို ကူညီမယ့် သက်သာချောင်ချိရေး အစီအစဥ်တစ်ခုကို ဧပြီလ ၁၇ရက်နေ့မှာ သမ္မတဒေါ်နယ်ထရန့်က ကြေငြာလိုက်ပါတယ်။

အမေရိကန်ဒေါ်လာ ၁၉ ဘီလီယံ တန်ဖိုးရှိတဲ့ အဲဒီစီမံချက်မှာ တိုက်ရိုက်ငွေကြေးထောက်ပံ့တာအပြင် လယ်သမားတွေရဲ့ ထုတ်ကုန်တွေ ၊ အသားတွေနဲ့ တခြားထုတ်ကုန်တွေကို ပမာဏအများအပြား အစိုးရက ဝယ်ယူတာတွေလည်း ပါဝင်တယ်လို့ သိရပါတယ်။

အဆိုပါစီမံချက်အရ အမေရိကန်ဒေါ်လာ ၁၆ ဘီလီယံကို လယ်သမားတွေကို တိုက်ရိုက် ထောက်ပံ့ပေးသွားမယ်လို့ သမ္မတ ထရန့်က ပြောပါတယ်။

ဒါ့အပြင် အမေရိကန်ဒေါ်လာ ၃ ဘီလီယံတန်ဖိုးရှိတဲ့ သီးနှံတွေ၊ နို့ထွက်ပစ္စည်းတွေနဲ့ အသားတွေကိုဝယ်ယူဖို့ ဒေသခံကုန်ပစ္စည်းဖြန့်ချီသူတွေနဲ့ ပူးပေါင်းလုပ်ဆောင်သွားမယ်လို့ အမေရိကန်စိုက်ပျိုးရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်မှာ ဖော်ပြပါတယ်။

ကမ္ဘာ့ကပ်ရောဂါဂယက်ကြောင့် စိုက်ပျိုးရေးသမားတွေနဲ့ မွေးမြူရေးလုပ်ကိုင်သူတွေဟာ သူတို့ရဲ့ ထုတ်ကုန်တွေ စျေးကွက်ထဲရောက်ဖို့ အခက်ကြုံနေကြပါတယ်။

ဒါ့ကြောင့် အမေရိကန်အစိုးရအနေနဲ့ လယ်ယာစိုက်ပျိုးရေးသမားတွေရဲ့ ထုတ်ကုန်တွေကို ဝယ်ယူပေးဖို့ ဖိအားတွေ မြင့်တက်နေချိန်မှာပဲ အခုလိုစီမံချက် ထွက်ပေါ်လာတာ ဖြစ်ပါတယ်။

အလုပ်သမားတွေ ကိုရိုနာရောဂါကူးစက်ခံရပြီး သေဆုံးတာနဲ့ နေမကောင်းကြတာကြောင့် အမေရိကန်နိုင်ငံက အမဲသားနဲ့ ဝက်သားထုတ်လုပ်တဲ့ စက်ရုံတော်တော်များများဟာလည်း ပိတ်သိမ်းထားရတယ်လို့ သိရပါတယ်။

လက်ရှိ အမေရိကန်နိုင်ငံမှာ ကိုရိုနာရောဂါပိုးတွေ့ရှိသူ အယောက် ၇သိန်းကျော်ရှိနေပြီး လူပေါင်း ၃သောင်း ၇ထောင် သေဆုံးခဲ့ပါတယ်။ ရောဂါပြန်သက်သာလာသူအရေအတွက်ကတော့ ၆သောင်း ၃ထောင်ကျော် ရှိတယ်လို့လည်း သိရပါတယ်။

(Zawgyi)

၁၈၊ ဧၿပီ၊ ၂၀၂၀။

အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာေရာဂါဂယက္႐ိုက္ခတ္မႈဒဏ္ခံစားေနရတဲ့ လယ္သမားေတြကို ကူညီမယ့္ သက္သာေခ်ာင္ခ်ိေရး အစီအစဥ္တစ္ခုကို ဧၿပီလ ၁၇ရက္ေန႔မွာ သမၼတေဒၚနယ္ထရန္႔က ေၾကျငာလိုက္ပါတယ္။

အေမရိကန္ေဒၚလာ ၁၉ ဘီလီယံ တန္ဖိုးရွိတဲ့ အဲဒီစီမံခ်က္မွာ တိုက္႐ိုက္ေငြေၾကးေထာက္ပံ့တာအျပင္ လယ္သမားေတြရဲ႕ ထုတ္ကုန္ေတြ ၊ အသားေတြနဲ႔ တျခားထုတ္ကုန္ေတြကို ပမာဏအမ်ားအျပား အစိုးရက ဝယ္ယူတာေတြလည္း ပါဝင္တယ္လို႔ သိရပါတယ္။

အဆိုပါစီမံခ်က္အရ အေမရိကန္ေဒၚလာ ၁၆ ဘီလီယံကို လယ္သမားေတြကို တိုက္႐ိုက္ ေထာက္ပံ့ေပးသြားမယ္လို႔ သမၼတ ထရန္႔က ေျပာပါတယ္။

ဒါ့အျပင္ အေမရိကန္ေဒၚလာ ၃ ဘီလီယံတန္ဖိုးရွိတဲ့ သီးႏွံေတြ၊ ႏို႔ထြက္ပစၥည္းေတြနဲ႔ အသားေတြကိုဝယ္ယူဖို႔ ေဒသခံကုန္ပစၥည္းျဖန္႔ခ်ီသူေတြနဲ႔ ပူးေပါင္းလုပ္ေဆာင္သြားမယ္လို႔ အေမရိကန္စိုက္ပ်ိဳးေရးဝန္ႀကီးဌာနက ထုတ္ျပန္ခ်က္မွာ ေဖာ္ျပပါတယ္။

ကမာၻ႔ကပ္ေရာဂါဂယက္ေၾကာင့္ စိုက္ပ်ိဳးေရးသမားေတြနဲ႔ ေမြးျမဴေရးလုပ္ကိုင္သူေတြဟာ သူတို႔ရဲ႕ ထုတ္ကုန္ေတြ ေစ်းကြက္ထဲေရာက္ဖို႔ အခက္ႀကဳံေနၾကပါတယ္။

ဒါ့ေၾကာင့္ အေမရိကန္အစိုးရအေနနဲ႔ လယ္ယာစိုက္ပ်ိဳးေရးသမားေတြရဲ႕ ထုတ္ကုန္ေတြကို ဝယ္ယူေပးဖို႔ ဖိအားေတြ ျမင့္တက္ေနခ်ိန္မွာပဲ အခုလိုစီမံခ်က္ ထြက္ေပၚလာတာ ျဖစ္ပါတယ္။

အလုပ္သမားေတြ ကို႐ိုနာေရာဂါကူးစက္ခံရၿပီး ေသဆုံးတာနဲ႔ ေနမေကာင္းၾကတာေၾကာင့္ အေမရိကန္ႏိုင္ငံက အမဲသားနဲ႔ ဝက္သားထုတ္လုပ္တဲ့ စက္႐ုံေတာ္ေတာ္မ်ားမ်ားဟာလည္း ပိတ္သိမ္းထားရတယ္လို႔ သိရပါတယ္။

လက္ရွိ အေမရိကန္ႏိုင္ငံမွာ ကို႐ိုနာေရာဂါပိုးေတြ႕ရွိသူ အေယာက္ ၇သိန္းေက်ာ္ရွိေနၿပီး လူေပါင္း ၃ေသာင္း ၇ေထာင္ ေသဆုံးခဲ့ပါတယ္။ ေရာဂါျပန္သက္သာလာသူအေရအတြက္ကေတာ့ ၆ေသာင္း ၃ေထာင္ေက်ာ္ ရွိတယ္လို႔လည္း သိရပါတယ္။

Ref : cnbc.com