မနက်ဖြန် ပုသိမ်မှာ အထည်ချုပ်လုပ်သား ကိုးထောင်ခန့် အလုပ်စဆင်းမယ်

၁၉၊ ဧပြီ၊ ၂၀၂၀။

မြန်မာနိုင်ငံမှာ COVID-19ရောဂါပိုးရှိသူ တစ်ရာကျော်သွားတာကြောင့် လူတွေစိုးရိမ်မှု မြင့်တက်နေချိန် ပုသိမ်မှာတော့ အထည်ချုပ်လုပ်သား ကိုးထောင်နီးပါး လုပ်ငန်းခွင်ပြန်ဝင်ကြတော့မှာပါ။

ပုသိမ်မြို့ စက်မှုဇုံမှာ စက်ရုံပေါင်း ၈ ရုံရှိတဲ့အနက် အမားဗား အပရယ် စက်ရုံကတော့ အလုပ်ပိတ်ရက်ကို ဧပြီလ ၂၆ ရက်နေ့အထိ နောက်ဆုတ်ထားပြီး ကျန်စက်ရုံတွေကတော့ ဧပြီလ ၂၀ ရက်နေ့ မနက်ဖြန်မှာ လုပ်ငန်းခွင် ပြန်စတင်တော့မှာ ဖြစ်ပါတယ်။

သိပ်ကို အန္တာရယ်များနေတဲ့ အချိန်မှာ အလုပ်သမားတွေရဲ့ အသက်ရှင်သန်ခွင့်နဲ့ တိုင်းဒေသကြီးတခုလုံး ရောဂါပြန့်ပွားမှု့ကို ထိန်းချုပ်နေရချိန်မှာ ဘာလို့ ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့က စက်ရုံတွေ ယာယီပိတ်ဖို့ကို မလုပ်ရဲတာလဲလို့ အလုပ်သမားအချင်းချင်း ရိုင်းပင်းကူညီရေးအဖွဲ့က အလုပ်သမားကိုယ်စားလှယ် ဒေါ်ခခက သုံးသပ်ပါတယ်။

COVID-19 ရောဂါပိုးရှိသူကို မြန်မာနိုင်ငံမှာ စတင်တွေ့ရှိပြီး တစ်လအတွင်းမှာ ကူးစက်ခံရသူပေါင်း တစ်ရာကျော်လာခဲ့ပြီ ဖြစ်ပါတယ်။ ရန်ကုန်တိုင်း ၊ ချင်းပြည်နယ် ၊ ရှမ်းပြည်နယ် ၊ မွန်ပြည်နယ် ၊ ပဲခူးတိုင်း နဲ့ မန္တလေးတိုင်းတွေမှာ ရောဂါကူးစက်ခံရသူလူနာတွေ တွေ့ရှိနေရပြီ ဖြစ်ပြီး ဧရာဝတီတိုင်းမှာတော့ အခုချိန်ထိ ရောဂါပိုးကူးစက်ခံရသူလူနာ မတွေ့ရှိရသေးပါဘူး။

ဒါပေမယ့် ရောဂါးပိုးကူးစက်ခံရတဲ့ လူနာအရေအတွက် အများဆုံးရှိနေတဲ့ ရန်ကုန်တိုင်းနဲ့ ထိစပ်နေတဲ့ ဧရာဝတီမှာတော့ ကူးစက်ရောဂါအတွက် သတိကြီးကြီးထားပြီး လုပ်ဆောင်နေရတဲ့ အချိန်ဖြစ်တယ်လို့ ဧရာဝတီတိုင်း လူဝင်မှုကြီးကြပ်ရေးနှင့် လူ့စွမ်းအားအရင်းအမြစ်ဝန်ကြီး ဒေါက်တာစိုးဝင်းက Delta News Agency ကိုပြောပါတယ်။

အလုပ်သမားရေးရာဝန်ကြီးဌာန လေးခုရ ၊ တိုင်းကျန်းမာရေး ၊ ခရိုင်ကျန်းမာရေး ၊ မြို့နယ် ကျန်းမာရေးတွေပူးပေါင်းပြီး မနက်ဖြန်မနက် ခုနှစ်နာခွဲ ရှစ်နာရီလောက်က စပြီး ဖွင့်တဲ့စက်ရုံတွေကို လိုက်ကြည့်မယ် ၊ ကျန်းမာရေးနဲ့ ပတ်သက်ပြီး ညွှန်ကြားထားတာတွေ ရှိမရှိအပြင် ထပ်ပြီးတော့လည်း ဆော်သြသွားဖို့ စီစဉ်ထားတယ်လို့ ဝန်ကြီးကဆက်ပြောပါတယ်။

အခုလို ပုသိမ်မြို့ပေါ်ကို အထည်ချုပ်စက်ရုံတွေ အလုပ်ဆင်းဖို့ အနယ်နယ် အရပ်ရပ်က လုပ်သားတွေ အစုလိုက် အပြုံလိုက် ပြန်ရောက်လာမှာကို စိုးရိမ်နေကြတဲ့အပေါ် ပုသိမ်မြို့ခံတစ်ဦးကို Delta News Agency က ဆက်သွယ်မေးမြန်းခဲ့ပါတယ်။

ပုသိမ်မြို့ခံတစ်ဦးလည်း ဖြစ် COVID-19ကာကွယ်ရေး ပရဟိတအလုပ်တွေကို လုပ်ဆောင်နေသူ တစ်ဦးလည်း ဖြစ်တဲ့ ကိုကျော်လှမိုးကတော့ အခုအလုပ်ပြန်ဆင်းမယ့် အလုပ်သမားတွေက ဧရာဝတီတိုင်းတွင်းမှာနေထိုင်သူတွေ ၊ ပုသိမ်မြို့ အနီးတဝိုက် မြို့ရွာတွေက အလုပ်သမားတွေ ဖြစ်တယ်၊ အခုချိန်အထိလည်း ဧရာဝတီတိုင်းအတွင်းမှာ ရောဂါပိုးတွေ့ရှိသူ မတွေ့ရသေးတဲ့ အတွက် ဧရာဝတီတိုင်းပြင်ပကသူတွေမဟုတ်တဲ့ တိုင်းတွင်း အလုပ်သမားတွေ ရောက်လာမှာကို သိပ်ပြီးစိုးရိမ်ပူပန်ရတဲ့ အခြေအနေမဟုတ်ဘူးလို့ မြင်တယ်လို့ မှတ်ချက်ပေးခဲ့ပါတယ်။

ဒါ့အပြင်တဖက်မှာလည်း နိုင်ငံအတွက်သာမက အလုပ်ရှင် ၊အလုပ်သမားတွေအတွက်ပါ လုပ်လို့ရနေသေးတဲ့ အခြေအနေမှာ ထုတ်ကုန်တွေရှိနေတာ ၊ ဝင်ငွေတွေရှိနေတာ ကောင်းမွန်ပြီး အလုပ်သမားတွေ အကုန်လုံးအလုပ် ဆင်းတာမျိုးမဟုတ်ဘဲ တဝက်စီခွဲ့ပြီး အလှည့်ကျ လုပ်ငန်းခွင်ဝင်ဖို့ စီစဉ်ပေးရင် ပိုပြီး သင့်တော်ပါတယ်လို့ ကိုကျော်လှမိုးက ပြောခဲ့ပါတယ်။

Delta News Agency က ဒီနေ့ညနေ နောက်ဆုံးရတဲ့ သတင်းအချက်အလက်တွေအရ မနက်ဖြန်မှာ လုပ်ငန်းပြန်စမယ့် စက်ရုံတွေက အလုပ်သမားတွေအနေနဲ့ ဖုန်းဆက်ခွင့်တိုင်တာတွေ များပြားနေတယ်လို့ သိရပါတယ်။

(Zawgyi)

၁၉၊ ဧၿပီ၊ ၂၀၂၀။

ျမန္မာႏိုင္ငံမွာ COVID-19ေရာဂါပိုးရွိသူ တစ္ရာေက်ာ္သြားတာေၾကာင့္ လူေတြစိုးရိမ္မႈ ျမင့္တက္ေနခ်ိန္ ပုသိမ္မွာေတာ့ အထည္ခ်ဳပ္လုပ္သား ကိုးေထာင္နီးပါး လုပ္ငန္းခြင္ျပန္ဝင္ၾကေတာ့မွာပါ။

ပုသိမ္ၿမိဳ႕ စက္မႈဇုံမွာ စက္႐ုံေပါင္း ၈ ႐ုံရွိတဲ့အနက္ အမားဗား အပရယ္ စက္႐ုံကေတာ့ အလုပ္ပိတ္ရက္ကို ဧၿပီလ ၂၆ ရက္ေန႔အထိ ေနာက္ဆုတ္ထားၿပီး က်န္စက္႐ုံေတြကေတာ့ ဧၿပီလ ၂၀ ရက္ေန႔ မနက္ျဖန္မွာ လုပ္ငန္းခြင္ ျပန္စတင္ေတာ့မွာ ျဖစ္ပါတယ္။

သိပ္ကို အႏၲာရယ္မ်ားေနတဲ့ အခ်ိန္မွာ အလုပ္သမားေတြရဲ႕ အသက္ရွင္သန္ခြင့္နဲ႔ တိုင္းေဒသႀကီးတခုလုံး ေရာဂါျပန္႔ပြားမႈ႕ကို ထိန္းခ်ဳပ္ေနရခ်ိန္မွာ ဘာလို႔ ဧရာဝတီတိုင္းေဒသႀကီး အစိုးရအဖြဲ႕က စက္႐ုံေတြ ယာယီပိတ္ဖို႔ကို မလုပ္ရဲတာလဲလို႔ အလုပ္သမားအခ်င္းခ်င္း ႐ိုင္းပင္းကူညီေရးအဖြဲ႕က အလုပ္သမားကိုယ္စားလွယ္ ေဒၚခခက သုံးသပ္ပါတယ္။

COVID-19 ေရာဂါပိုးရွိသူကို ျမန္မာႏိုင္ငံမွာ စတင္ေတြ႕ရွိၿပီး တစ္လအတြင္းမွာ ကူးစက္ခံရသူေပါင္း တစ္ရာေက်ာ္လာခဲ့ၿပီ ျဖစ္ပါတယ္။ ရန္ကုန္တိုင္း ၊ ခ်င္းျပည္နယ္ ၊ ရွမ္းျပည္နယ္ ၊ မြန္ျပည္နယ္ ၊ ပဲခူးတိုင္း နဲ႔ မႏၲေလးတိုင္းေတြမွာ ေရာဂါကူးစက္ခံရသူလူနာေတြ ေတြ႕ရွိေနရၿပီ ျဖစ္ၿပီး ဧရာဝတီတိုင္းမွာေတာ့ အခုခ်ိန္ထိ ေရာဂါပိုးကူးစက္ခံရသူလူနာ မေတြ႕ရွိရေသးပါဘူး။

ဒါေပမယ့္ ေရာဂါးပိုးကူးစက္ခံရတဲ့ လူနာအေရအတြက္ အမ်ားဆုံးရွိေနတဲ့ ရန္ကုန္တိုင္းနဲ႔ ထိစပ္ေနတဲ့ ဧရာဝတီမွာေတာ့ ကူးစက္ေရာဂါအတြက္ သတိႀကီးႀကီးထားၿပီး လုပ္ေဆာင္ေနရတဲ့ အခ်ိန္ျဖစ္တယ္လို႔ ဧရာဝတီတိုင္း လူဝင္မႈႀကီးၾကပ္ေရးႏွင့္ လူ႔စြမ္းအားအရင္းအျမစ္ဝန္ႀကီး ေဒါက္တာစိုးဝင္းက Delta News Agency ကိုေျပာပါတယ္။

အလုပ္သမားေရးရာဝန္ႀကီးဌာန ေလးခုရ ၊ တိုင္းက်န္းမာေရး ၊ ခ႐ိုင္က်န္းမာေရး ၊ ၿမိဳ႕နယ္ က်န္းမာေရးေတြပူးေပါင္းၿပီး မနက္ျဖန္မနက္ ခုႏွစ္နာခြဲ ရွစ္နာရီေလာက္က စၿပီး ဖြင့္တဲ့စက္႐ုံေတြကို လိုက္ၾကည့္မယ္ ၊ က်န္းမာေရးနဲ႔ ပတ္သက္ၿပီး ၫႊန္ၾကားထားတာေတြ ရွိမရွိအျပင္ ထပ္ၿပီးေတာ့လည္း ေဆာ္ၾသသြားဖို႔ စီစဥ္ထားတယ္လို႔ ဝန္ႀကီးကဆက္ေျပာပါတယ္။

အခုလို ပုသိမ္ၿမိဳ႕ေပၚကို အထည္ခ်ဳပ္စက္႐ုံေတြ အလုပ္ဆင္းဖို႔ အနယ္နယ္ အရပ္ရပ္က လုပ္သားေတြ အစုလိုက္ အၿပဳံလိုက္ ျပန္ေရာက္လာမွာကို စိုးရိမ္ေနၾကတဲ့အေပၚ ပုသိမ္ၿမိဳ႕ခံတစ္ဦးကို Delta News Agency က ဆက္သြယ္ေမးျမန္းခဲ့ပါတယ္။

ပုသိမ္ၿမိဳ႕ခံတစ္ဦးလည္း ျဖစ္ COVID-19ကာကြယ္ေရး ပရဟိတအလုပ္ေတြကို လုပ္ေဆာင္ေနသူ တစ္ဦးလည္း ျဖစ္တဲ့ ကိုေက်ာ္လွမိုးကေတာ့ အခုအလုပ္ျပန္ဆင္းမယ့္ အလုပ္သမားေတြက ဧရာဝတီတိုင္းတြင္းမွာေနထိုင္သူေတြ ၊ ပုသိမ္ၿမိဳ႕ အနီးတဝိုက္ ၿမိဳ႕႐ြာေတြက အလုပ္သမားေတြ ျဖစ္တယ္၊ အခုခ်ိန္အထိလည္း ဧရာဝတီတိုင္းအတြင္းမွာ ေရာဂါပိုးေတြ႕ရွိသူ မေတြ႕ရေသးတဲ့ အတြက္ ဧရာဝတီတိုင္းျပင္ပကသူေတြမဟုတ္တဲ့ တိုင္းတြင္း အလုပ္သမားေတြ ေရာက္လာမွာကို သိပ္ၿပီးစိုးရိမ္ပူပန္ရတဲ့ အေျခအေနမဟုတ္ဘူးလို႔ ျမင္တယ္လို႔ မွတ္ခ်က္ေပးခဲ့ပါတယ္။

ဒါ့အျပင္တဖက္မွာလည္း ႏိုင္ငံအတြက္သာမက အလုပ္ရွင္ ၊အလုပ္သမားေတြအတြက္ပါ လုပ္လို႔ရေနေသးတဲ့ အေျခအေနမွာ ထုတ္ကုန္ေတြရွိေနတာ ၊ ဝင္ေငြေတြရွိေနတာ ေကာင္းမြန္ၿပီး အလုပ္သမားေတြ အကုန္လုံးအလုပ္ ဆင္းတာမ်ိဳးမဟုတ္ဘဲ တဝက္စီခြဲ႕ၿပီး အလွည့္က် လုပ္ငန္းခြင္ဝင္ဖို႔ စီစဥ္ေပးရင္ ပိုၿပီး သင့္ေတာ္ပါတယ္လို႔ ကိုေက်ာ္လွမိုးက ေျပာခဲ့ပါတယ္။

Delta News Agency က ဒီေန႔ညေန ေနာက္ဆုံးရတဲ့ သတင္းအခ်က္အလက္ေတြအရ မနက္ျဖန္မွာ လုပ္ငန္းျပန္စမယ့္ စက္႐ုံေတြက အလုပ္သမားေတြအေနနဲ႔ ဖုန္းဆက္ခြင့္တိုင္တာေတြ မ်ားျပားေနတယ္လို႔ သိရပါတယ္။