တိုက်ကြက်ဖလည်း ကွာရန်တင်း (၂၁)ရက်ပဲ

၂၀၊ ဧပြီ၊ ၂၀၂၀။

COVID-19 ရောဂါကာကွယ်ရေးကို ဂရုတစိုက် လုပ်ဆောင်နေတဲ့ အိမ်မဲမြို့မှာ ပြည်ပက ပြန်လာတဲ့ လူတွေတင်မဟုတ်ပဲ တိုက်ကြက်ဖတစ်ကောင်ပါ (၂၁)ရက် အသွားအလာကန့်သတ်စောင့်ကြည့်ခံ (Quarantine) လိုက်ရပါတယ်။

အဲဒီကြက်ဟာ ထိုင်းကပြန်လာတဲ့ (၆) ယောက်တဖွဲ့နဲ့အတူ ပါလာတာ။ “အဲဒီလူက ထိုင်းက တိုက်ကြက်ဖတစ်ကောင်ဝယ်လာပြီး သူ စင်တာမှာ စောင့်ကြည့်ခံနေရတော့ သူ့ကြက်ကို တခြားသူနဲ့ ထားဖို့လည်း စိတ်မချတော့ ကွာရန်တင်းစင်တာမှာပဲ ခေါ်ထားလိုက်တာ ။ ကြက်ပါ ကွာရန်တင်းလိုက်ရတာ။”လို့ အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက Delta News Agency ကို ပြောပါတယ်။

အဲဒီ ၆ ယောက်အဖွဲ့က အရင်က ၁၄ ရက်စောင့်ကြည့်ခံရာကနေ အစိုးရက စောင့်ကြည့်ရက်ကို ၂၁ ရက်အဖြစ်တိုးမြှင့် သတ်မှတ်လိုက်လို့ ဒီနေ့မှ လူရော ကြက်ပါ အိမ်ပြန်ခွင့်ရခဲ့တာ ဖြစ်ပါတယ်။

ကြက်တိုက်တာက လောင်းကစားဥပဒေနဲ့ ညိစွန်းတဲ့အတွက် လောင်းကစားမလုပ်ဖို့ သူတို့ကို ပြန်ခါနီး မှာကြားလိုက်ရသေးတယ်လို့လည်း အိမ်မဲပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဒေါ်သန္တာက ပြောပါတယ်။

(Zawgyi)

၂၀၊ ဧၿပီ၊ ၂၀၂၀။

COVID-19 ေရာဂါကာကြယ္ေရးကို ဂ႐ုတစိုက္ လုပ္ေဆာင္ေနတဲ့ အိမ္မဲၿမိဳ႕မွာ ျပည္ပက ျပန္လာတဲ့ လူေတြတင္မဟုတ္ပဲ တိုက္ၾကက္ဖတစ္ေကာင္ပါ (၂၁)ရက္ အသြားအလာကန္႔သတ္ေစာင့္ၾကည့္ခံ (Quarantine) လိုက္ရပါတယ္။

အဲဒီၾကက္ဟာ ထိုင္းကျပန္လာတဲ့ (၆) ေယာက္တဖြဲ႕နဲ႔အတူ ပါလာတာ။ “အဲဒီလူက ထိုင္းက တိုက္ၾကက္ဖတစ္ေကာင္ဝယ္လာၿပီး သူ စင္တာမွာ ေစာင့္ၾကည့္ခံေနရေတာ့ သူ႔ၾကက္ကို တျခားသူနဲ႔ ထားဖို႔လည္း စိတ္မခ်ေတာ့ ကြာရန္တင္းစင္တာမွာပဲ ေခၚထားလိုက္တာ ။ ၾကက္ပါ ကြာရန္တင္းလိုက္ရတာ။”လို႔ အိမ္မဲျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသႏၲာက Delta News Agency ကို ေျပာပါတယ္။

အဲဒီ ၆ ေယာက္အဖြဲ႕က အရင္က ၁၄ ရက္ေစာင့္ၾကည့္ခံရာကေန အစိုးရက ေစာင့္ၾကည့္ရက္ကို ၂၁ ရက္အျဖစ္တိုးျမႇင့္ သတ္မွတ္လိုက္လို႔ ဒီေန႔မွ လူေရာ ၾကက္ပါ အိမ္ျပန္ခြင့္ရခဲ့တာ ျဖစ္ပါတယ္။

ၾကက္တိုက္တာက ေလာင္းကစားဥပေဒနဲ႔ ညိစြန္းတဲ့အတြက္ ေလာင္းကစားမလုပ္ဖို႔ သူတို႔ကို ျပန္ခါနီး မွာၾကားလိုက္ရေသးတယ္လို႔လည္း အိမ္မဲျပည္သူ႔လႊတ္ေတာ္ကိုယ္စားလွယ္ ေဒၚသႏၲာက ေျပာပါတယ္။

#COVID19#အိမ်မဲ#တိုက်ကြက်ဖ