မတ်၊ ၁၃
ရခိုင်ပြည်နယ် မင်းပြားမြို့နယ်ကို AA က ထိုးစစ်ဆင်တာကြောင့် တိုက်ပွဲပြင်းထန်ခဲ့တဲ့ကာလအတွင်း စစ်ကောင် စီတပ်ဖွဲ့ဝင်တွေက အုပ်စုဖွဲ့အဓမ္မပြုကျင့်သတ်ဖြတ်မှုအပါအဝင် ဒေသခံအရပ်သုံးဆယ် ကျော်ကိုသတ်ဖြတ်ခဲ့တယ်လို့ AA လူသားချင်းစာနာရေးဌာနရဲ့အချက်အလက်တွေအရသိရပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ဒီကနေ့ မတ်လ ၁၃ ရက်မှာ အဲဒီလို အချက်အလက်တွေ ထုတ်ပြန် လာတာပါ။
စစ်ကောင်စီတပ်ဟာ မြို့ပေါ်တပ်ရင်းတွေ ထိုးစစ်ဆင်တိုက်ခိုက်ခံရတဲ့ ရက်ပိုင်းအတွင်း ဇန်နဝါလ ဆန်း ပိုင်းမှာ မင်း ပြားမြို့ မင်းဘာကြီးရပ်ကွက်က အမျိုးသမီးအပါအဝင် လေးဦးကို နေအိမ်အတွင်း ဝင် ရောက် ပစ်ခတ်သတ်ဖြတ်ခဲ့ တာလို့ ဒေသခံတွေကလည်း DNA ကို ပြောထားပါတယ်။
ဒါ့အပြင် စစ်ကောင်စီတပ်သားတွေဟာ ဇန်ဝါရီလထဲမှာပဲ င/တန်ပျင်းရွာက အမျိုးသမီးနှစ်ဦးအပါအဝင် သုံးဦးကို လည်း ပစ်ခတ်သတ်ဖြတ်ခဲ့ပါသေးတယ်။
အဲဒီထဲက အမျိုးသမီးငယ်တဦးဟာ ပစ်ခတ်မခံရခင် အုပ်စုဖွဲ့ အဓမ္မပြု ကျင့်မှုကိုပါ ခံခဲ့ရပြီးဒီ ဖြစ်စဉ် ကိုကျူးလွန်ရာမှာပါဝင်ခဲ့တဲ့စစ်ကောင်စီတပ်သားကိုယ်တိုင်ဝန်ခံထွက်ဆိုထားတဲ့ရုပ်သံမှတ်တမ်းကို လည်း ရခိုင့်တပ်တော် AA က ပြီးခဲ့ရက်ပိုင်းမှာ ထုတ်ပြန်ခဲ့ပါတယ်။
မင်းပြားမြို့နယ်အတွင်းက အရပ်သားသေဆုံးမှုတွေထဲမှာ စစ်ကောင်စီတပ်ရဲ့ အဲဒီလို သေနတ်နဲ့ အနီးကပ် ပစ် သတ်မှုတွေအပြင် ရေကြောင်း၊ လေကြောင်းကနေ လက်နက်ကြီးပစ်ခတ်၊ ဗုံးကြဲတာ တွေကြောင့် သေဆုံးရတာ တွေလည်း အများအပြားရှိခဲ့တယ်လို့ ဒေသခံတွေက ဆိုကြပါတယ်။
ရခိုင်ဒေသခံလူ့အခွင့်အရေးတက်ကြွလှုပ်ရှားသူတဦးကတော့ စစ်ကောင်စီတပ်ဟာ စစ်ပွဲတွေအတွင်း လိုက်နာ ကြရမယ့် နိုင်ငံတကာဥပဒေ၊ ကွန်ဗန်းရှင်းတွေကို ပြောင်ပြောင်တင်းတင်းချိုးဖောက်ကာ ရာဇဝတ်မှုတွေ ဆက် တိုက်ကျူးလွန်နေတာလို့ ဝေဖန်ပါတယ်။
“စစ်ကောင်စီက ရခိုင်မှာ လုပ်နေတာတွေ အကုန်လုံး ရာဇဝတ်မှုတွေ၊ လူ့အခွင့်အရေးချိုးဖောက်မှုဖြ စ်တယ်”လို့ သူက ဆိုပါတယ်။
ရက္ခိုင်အမျိုးသားအဖွဲ့ချုပ်/ရက္ခိုင့်တပ်တော်(ULA/AA)ရဲ့ လူသားချင်းစာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာ ပူး ပေါင်းဆောင်ရွက်ရေးရုံး(HDCO)ကလည်း စစ်ကောင်စီဟာ အပြစ်မဲ့ပြည်သူတွေ ကို ဖမ်းဆီးနှိပ်စက် သတ်ဖြတ် တာ၊အုပ်စုဖွဲ့မုဒိန်းကျင့်သတ်ဖြတ်တာ၊အရပ်သားတွေနေတဲ့ ရပ်၊ ရွာတွေကို လေကြောင်းကနေ ဗုံးကြဲတာ၊ လက် နက်ကြီးပစ်ခတ်တာစတဲ့ စစ်ရာဇာဝတ်မှုတွေကို ဆက်တိုက်ကျူးလွန်နေတယ်လို့ ဆိုထားပါတယ်။
မင်းပြားမြို့နယ်အတွင်းမှာ ပြီးခဲ့တဲ့ နှစ်ကုန်ပိုင်းကစလို့AA ဘက်က စစ်ရေးလှုပ်ရှားမှုတွေစတင်ခဲ့သလို စစ်ကောင်စီကလည်း လက်နက်ကြီးနဲ့လေကြောင်းပစ်ခတ်မှုတွေ စခဲ့ပြီး ဖေဖော်ဝါရီ၂၆ရက်မှာ မင်းပြား မြို့နယ်ထဲက နောက်ဆုံးကျန်တဲ့ စစ်ကောင်စီစခန်း တိုင်းဗဟို(၉)လေ့ကျင့်ရေးသင်တန်းကျောင်းကို AA သိမ်းပိုက်ခဲ့တာကြောင့် စစ်ကောင်စီတပ်စခန်းတခုမှမကျန်တော့ဘဲရှိခဲ့ပါတယ်။
အဲ့ဒီစခန်းသိမ်းပွဲနောက်ပိုင်းမှာပါ စစ်ကောင်စီက မင်းပြားမြို့တွင်းနဲ့ မြို့နယ်ထဲက ဆေးရုံအပါအဝင် နေရာတချို့ကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှုတွေဆက်လုပ်ခဲ့ပါသေးတယ်။
ဒါပေမယ့် အာဏာသိမ်းစစ်ကောင်စီကတော့ ရခိုင်ပြည်နယ်အပါအဝင် နိုင်ငံတဝန်းက တိုက်ပွဲပြင်း ထန်ရာဒေသတွေနဲ့ အာဏာသိမ်းမှုဆန့်ကျင်သူတွေကို ဖမ်းဆီးသတ်ဖြတ်တာ၊လေကြောင်း ၊လက်နက် ကြီးတိုက်ခိုက်တာတွေနဲ့ပတ်သက်လို့ အရပ်သားတွေကို ဦးတည်ပစ်မှတ်ထားတယ်ဆိုတဲ့ ပြောဆို မှုတွေကို ယတိပြတ်ငြင်းဆိုလေ့ရှိပါတယ်။
ရက္ခိုင့်တပ်တော်(AA)အနေနဲ့ကတော့ စခန်းသိမ်း၊ မြို့သိမ်းတိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိထားတဲ့ စစ်ကောင်စီ တပ်ဖွဲ့ဝင်တွေထဲက ရာဇဝတ်မှုကျူးလွန်ခဲ့သူတွေကို စစ်ခုရုံးတင်အပြစ်ပေးအရေးယူသွားမယ်လို့ ထုတ်ပြန်ကြေ ညာထားပါတယ်။
လက်ရှိမှာလည်း ပြည်သူ့တွေအပေါ် ရာဇဝတ်မှုကျူးလွန်ခဲ့ကြောင်း ဖြောင့်ချက်ပေးဝန်ခံထားတဲ့ စစ်ကောင်စီ တပ် ဖွဲ့ဝင်တွေအများအပြား ရှိနေပြီး အဲဒီထဲမှာ ဗိုလ်မှူးချုပ်ကနေ တပ်သားအဆင့်ထိ ပါဝင်တယ်လို့ AA ပြောခွင့်ရ ခိုင် သုခက ပြီးခဲ့တဲ့သတင်းစာရှင်းလင်းပွဲမှာ ပြောခဲ့ပါတယ်။
ရခိုင်ဒေသတိုက်ပွဲတွေစခဲ့တဲ့ ပြီးခဲ့တဲ့ ၂၀၂၃ နိုဝင်ဘာ ၁၃ ရက်ကနေ အခု ၂၀၂၄ ဖေဖော်ဝါရီ ၁၃ ရက်နေ့အထိ သုံး လတာကာလအတွင်း စစ်ကောင်စီတပ်ရဲ့လက်ချက်ကြောင့် သေဆုံးရသူ အရပ်သား ၁၁၁ ဦးနဲ့ ထိခိုက်ဒဏ် ရာရသူ ၃၅၇ ဦးထိရှိခဲ့တယ်လို့ HDCO ရဲ့အချက်အလက်တွေမှာဖော်ပြပါတယ်။
ကုလသမဂ္ဂ့ရဲ့ လူသားချင်းစာမှုဆိုင်ရာညှိနှိုင်းပေါင်းစပ်ရေးရုံး(UNOCHA)ကလည်း ရခိုင်ဒေသတိုက်ပွဲတွေကြောင့် အရပ်သား ၁၇၀ ကျော် သေဆုံးရပြီး ထိခိုက်ဒဏ်ရာရသူ လေးရာကျော်ရှိခဲ့တယ်လို့ မတ်လ ၃ ရက်မှာထုတ် ပြန်ပါ တယ်။