မတ်၊ ၁၂
တလကျော်ကြာ တိုက်ပွဲတွေနဲ့ လက်နက်ကြီးလေကြောင်းတိုက်ခိုက်မှုရှိနေတဲ့နောက် ထိခိုက်ပျက်စီးနေတဲ့ ဆီဆိုင် မြို့မဈေးမြင်ကွင်းကို ပအိုဝ်းအမျိုးသားလွတ်မြောက်ရေးတပ်(PNLA)က ဒီကနေ့ထုတ်ပြန်လာပါတယ်။
PNLA ပူးပေါင်းတပ်တွေနဲ့ စစ်ကောင်စီတို့ ရှမ်းပြည်နယ်တောင်ပိုင်း ပအိုဝ်းဒေသမှာ ပြီးခဲ့တဲ့ ဇန်နဝါရီ နောက်ဆုံး ပတ်ကစလို့ တိုက်ပွဲတွေဖြစ်ခဲ့ကြပြီးနောက် စစ်ကောင်စီက ဆီဆိုင်နဲ့ ဟိုပုံးမြို့နယ်အတွင်း လက်နက်ကြီးနဲ့ လေ ကြောင်းတိုက်ခိုက်မှုအကြိမ်ရေအများအပြား ပြုလုပ်ခဲ့တယ်လို့ PNLA ကဆိုပါတယ်။
မနေ့ကလည်း မနက်ခြောက်နာရီကနေ ၁၁နာရီအထိ စစ်ကောင်စီက ဆီဆိုင်မြို့တွင်းကို တိုက်ပွဲမရှိဘဲ လက်နက် ကြီး အကြိမ်လေးဆယ်လောက်အထိ ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ PNLA ရဲ့သတင်းထုတ်ပြန်ချက်မှာ ဖော်ပြပါ တယ်။
အလားတူ ဟိုပုံးမြို့နယ် မဲနယ်တောင်ဒေသကိုလည်း မနေ့က လက်နက်ကြီး ၂၁ကြိမ်ပစ်ခတ်ခဲ့တယ်လို့ ဆိုပါ တယ်။
ဒါ့အပြင် ဆီဆိုင်မြို့မြောက်ဘက်မှာလည်း နေ့လယ် ၂နာရီကနေ ညနေလေးနာရီအထိ နှစ်ဖက်တိုက်ပွဲဖြစ်ခဲ့ သေး တယ်လို့ သိရပါတယ်။တိုက်ပွဲအခြေအနေကိုတော့ အသေးစိတ်မသိရပါဘူး။
စစ်ကောင်စီဘက်က လက်နက်ကြီးပစ်ခတ်တာ၊ဒရုန်းနဲ့ ဗုံးကြဲတာတွေနေ့စဉ်လုပ်နေတာကြောင့် ဆီဆိုင်မြို့ တွင်း က ဒေသခံတွေရဲ့နေအိမ်တွေနဲ့ မြို့မဈေးတို့ မီးလောင်ပျက်စီးခဲ့တယ်လို့ PNLA ကဓာတ်ပုံနဲ့တကွ ထုတ် ပြန်ဖော် ပြပါတယ်။
စစ်ကောင်စီနဲ့တော်လှန်ရေးတပ်တွေကြား မြို့ပေါ်တိုက်ပွဲဖြစ်တဲ့မြို့အားလုံးလိုလိုမှာ အခုလိုပဲ နေအိမ်တွေနဲ့ ဈေး တွေ လက်နက်ကြီးထိတာ၊လေကြောင်းကကြဲချတဲ့ ဗုံးကျရောက်ပေါက်ကွဲပြီး ထိခိုက်ပျက်စီးတာတွေရှိခဲ့ပါတယ်။
အနီးစပ်ဆုံးအနေနဲ့ ကရင်နီပြည် မြို့တော်လွိုင်ကော်နဲ့ ရခိုင်ပြည်နယ်က တိုက်ပွဲပြင်းထန်ရာမြို့တွေမှာ အခုလိုပဲ မြို့တွင်းပျက်စီးမှုတွေရှိခဲ့ပါတယ်။
ဒီလိုဖြစ်စဉ်တွေနဲ့ ပတ်သက်လို့ သက်ဆိုင်ရာတော်လှန်ရေးတပ်တွေက စစ်ကောင်စီလက်ချက်လို့ တညီတည်းဆို ကြပေမယ့် စစ်ကောင်စီကတော့ တော်လှန်ရေးတပ်ဖွဲ့တွေလက်ချက်သာဖြစ်တယ်လို့တုံ့ပြန်လေ့ရှိပါတယ်။
Photo PNLA/Social media