မတ် ၊ ၉
အာဏာသိမ်းစစ်ကောင်စီက အသက်သွင်းလိုက်တဲ့ စစ်မှုထမ်းဥပဒေအရ တပ်ဖွဲ့ဝင်တွေအဖြစ် အဓမ္မစုဆောင်း ခံရမယ့် အမျိုးသမီးတွေအနေနဲ့ စစ်ကောင်စီတပ်အတွင်းမှာ လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေ ကြုံရနိုင် တယ် လို့ အမျိုးသမီးအရေး လှုပ်ရှားတဲ့ အမျိုးသမီးအဖွဲ့အစည်း ရှစ်ဖွဲ့က သတိပေးထားပါတယ်။
နိုင်ငံတကာအမျိုးသမီးများနေ့ဖြစ်တဲ့ မတ်လ ၈ ရက်၊ မနေ့က ပူးတွဲထုတ်ပြန်ကြတဲ့ စစ်မှုထမ်းဥပဒေကို ကန့် ကွက်ရှုတ်ချကြောင်း ထုတ်ပြန်ကြေညာချက်မှာ အခုလို ထည့်သွင်းသတိပေးထားတာပါ။
“အခုတော့ အမျိုးသမီးတွေကို မခေါ်သေးဘူးပြောထားပေမယ့် အာဏာက သူတို့လက်ထဲမှာရှိလို့ နေ့ချင်းညချင်း ပြောင်းလဲသွားနိုင်တယ်၊ စစ်မှုထမ်းရပြီဆိုတာနဲ့ သူတို့ ခြံခတ်ထားတဲ့ သူတို့လက်အောက်ကိုရောက်တော့မှာ၊ အဲ့လိုရောက်သွားပြီဆို လိင်ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေက ဖြစ်ကိုဖြစ်လာနိုင်တယ်” လို့ နှင်းဆီရောင်အမျိုးသ မီးများသမဂ္ဂ(ထားဝယ်) အဖွဲ့ဝင် ရဲဘော်ခရုက DNA ကို ပြောပါတယ်။
စစ်ကောင်စီတပ်ဖွဲ့ဝင်တွေရဲ့ မုဒိမ်းမှု၊ အုပ်စုဖွဲ့မုဒိမ်းကျင်မှု၊ လိင်ကျွန်ပြုမှုနဲ့ တခြားရက်စက်ကြမ်းကြုတ်တဲ့ လိင် ပိုင်းဆိုင်ရာ အကြမ်းဖက်မှုတွေကို အဲဒီလို အဓမ္မစုဆောင်းခံရမယ့် အမျိုးသမီးတွေအနေနဲ့ ကြုံတွေ့ရလိမ့်မယ် လို့လည်း နှင်းဆီရောင်အမျိုးသမီးများသမဂ္ဂအပါအဝင် အမျိုးသမီးအဖွဲ့ ရှစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာ ပြောဆိုထား ပါတယ်။
ရန်ကုန်မြို့မှာ အလုပ်လာလုပ်နေတဲ့ အသက် ၂၅ နှစ်ဝန်းကျင် အမျိုးသမီးတဦးကလည်း တပ်ဖွဲ့ဝင်အဖြစ် စု ဆောင်းခံရပါက လိင်ပိုင်းဆိုင်ရာကျူးလွန်မှုတွေ ခံရမှာကို စိုးရိမ်တယ်လို့ ဆိုပါတယ်။
“အဲဒါက အကြောက်ဆုံးပဲ၊အမျိုးသမီးဆိုတော့ ရှေ့တန်းသွားခိုင်းမှာ မဟုတ်ဘူးထင်လို့ ရှေ့တန်းထွက်ရမှာမျိုးကို သိပ်မစိုးရိမ်ဘူး၊ စိတ်ထဲမှာက စစ်တပ်နဲ့ အဲဒါကို(လိင်ပိုင်းဆိုင်ရာကျူးလွန်မှု) တွဲမြင်နေတာ” လို့ သူက ပြောပါ တယ်။
ဒါ့အပြင် စစ်ကောင်စီတပ်ဟာ ပဋိပက္ခဖြစ်ပွားနေတဲ့ ဒေသတွေမှာ အမျိုးသမီးတွေအပေါ် မုဒိမ်းမှုကျူးလွန် တာ တွေကို ဆယ်စုနှစ်ပေါင်းများစွာ ပြုလုပ်လာခဲ့ပြီး အာဏာသိမ်းပြီးနောက်ပိုင်းမှာတော့ အကျဥ်းထောင်တွေမှာပါ အဲဒီလို ကျူးလွန်မှုတွေ လုပ်လာတယ်လို့လည်း အမျိုးသမီးအဖွဲ့တွေက ထောက်ပြပါတယ်။
ရခိုင်ပြည်နယ်၊ မင်းပြားမြို့နယ်၊ င/တန်းပျင်ကျေးရွာမှာမိန်းကလေးတဦးကို အုပ်စုဖွဲ့အဓမ္မပြုကျင့်ခဲ့ပြီး မိခင်ဖြစ် သူအပါအဝင် သားအမိနှစ်ဦးစလုံးကို သတ်ဖြတ်ခဲ့တယ်လို့ ကျူးလွန်မှုမှာ ပါဝင်ခဲ့တဲ့ စစ်ကောင်စီတပ်သားတဦး ကိုယ်တိုင် ဝန်ခံထွက်ဆိုထားတဲ့ ရုပ်သံဖိုင်ကို ရက္ခိုင့်တပ်တော်က (AA)က ပြီးခဲ့တဲ့ မတ်လ ၃ ရက်က ထုတ်ပြန်ခဲ့ ပါသေးတယ်။
အမျိုးသမီးတွေအပါအဝင် စစ်ကောင်စီရဲ့ ဖမ်းဆီးထောင်ချခံရပြီးနောက် ပြန်လွတ်လာသူတချို့ကလည်း စစ် ကြောရေးစခန်းနဲ့ အကျဥ်းထောင်တွေမှာ မုဒိမ်းမှုအပါအဝင် လိင်ပိုင်းဆိုင်ရာအကြမ်းဖက်မှုတွေ ကျူးလွန် ခံခဲ့ရ ကြောင်း ထုတ်ဖော်ပြောဆိုထားကြတာတွေလည်း ရှိနေပါတယ်။
“အဲဒါတွေကိုကြောက်လို့ စစ်မှုထမ်းဥပဒေပြဋ္ဌာန်းလိုက်ပြီးတာနဲ့ အရွယ်ရောက်ပြီးတဲ့ မိန်းကလေးတွေရော၊ အရွယ်မရောက်သေးတာတွေရော ပြည်ပကိုထွက်ပြေးနေကြတာ၊ ထားဝယ်ဒေသမှာဆို ကိုယ့်မျက်စိ ရှေ့တင် မြင်နေရတာ” လို့လည်းနှင်းဆီရောင်အမျိုးသမီးများသမဂ္ဂ(ထားဝယ်) အဖွဲ့ဝင် ရဲဘော် ခရုက ပြောပါတယ်။
အမျိုးသမီးအဖွဲ့ ရှစ်ဖွဲ့ရဲ့ ထုတ်ပြန်ချက်မှာတော့ နိုင်ငံကနေ ထွက်ပြေးဖို့ကလွဲလို့ တခြားရွေးစရာမရှိတော့တဲ့ အ မျိုးသမီးတွေအနေနဲ့ လူကုန်ကူးခံရတာအပြင် ခန္ဓာကိုယ်အစိတ်အပိုင်းတွေ ဖြတ်တောက်ထုတ်ယူခံရတဲ့အထိ အဆိုးဝါးဆုံးအခြေအနေတွေ ကြုံလာရနိုင်တယ်လို့ သတိပေးထားပါတယ်။
“အမျိုးသမီးတွေက အမျိုးသားတွေထက် ပိုလုပ်ခံရနိုင်တယ်၊ အဲတော့ ပြည်ပထွက်မယ်ဆိုလည်း ကိုယ်သွားမယ့် လမ်းကြောင်းက စိတ်ချရရဲ့လား၊ ပွဲစားတွေနဲ့သွားမယ်ဆိုလည်း သူတို့က ယုံရရဲ့လား၊ နောက်ပြီး ကိုယ်သွားမယ့် နေရာမှာက ကိုယ့်ကိုယ်ကူညီပေးမယ့် အသိတွေရှိနေရဲ့လား၊ အဲဒါတွေအကုန် သေချာပြင်ဆင်ပြီးမှပဲ ထွက်သင့် တယ်”လို့လည်း ရဲဘော် ခရုက အကြံပြုပါတယ်။
အခုလို ကြေညာချက် ထုတ်ပြန်ထားတဲ့ အမျိုးသမီးအဖွဲ့ ရှစ်ဖွဲ့ကတော့ နိုင်ငံတကာအစိုးရတွေအနေနဲ့ မြန်မာပြည် ထဲကနေ ထွက်ပြေးတိမ်းရှောင်လာသူတွေကို ဖမ်းဆီးပြီး ပြည်တွင်းကို အဓမ္မပြန်လည်ပို့ဆောင်တာမျိုး မလုပ် ဖို့အပါအဝင် အချက် ခုနစ်ချက်ကိုလည်း ထုတ်ပြန်တောင်းဆိုထားပါတယ်။