Triple Threat ရုပ်ရှင်ဇါတ်ဝင်ခန်းကိုအသုံးပြုပြီး KIA -KPDF အများအပြား သေဆုံးနေဆိုတဲ့သတင်းမှား

စက်တင်ဘာ၊ ၂၄

စစ်ကောင်စီရဲ့တိုက်ခိုက်မှုကြောင့် ကချင်လွတ်မြောက်ရေးတပ်မတော် (KIA)နဲ့ ကချင်ပြည်သူ့ကာကွယ်ရေး(KPDF) တပ်သားတွေအများအပြားသေဆုံးခဲ့တယ်ဆိုတဲ့ သတင်းအမှားတခု လူမှုကွန်ရက်စာမျက်နှာ ပျံ့နှံ့နေပါတယ်။

စစ်ကောင်စီဲရဲ့ ဝါဒဖြန့်ချန်နယ်တခုဖြစ်တဲ့ မှိုင်းဝေ ချန်နယ်က ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၂၊ ၅နာရီဝန်းကျင်လောက်မှာ စတင်ဖြန့်ဝေခဲ့တာပါ။

တကယ်တော့ အဲ့ဒီ့ပုံက ၂၀၁၉ ခုနှစ်က ထွက်ရှိခဲ့တဲ့ Triple Threat ( 2019) ရုပ်ရှင်ထဲက ဇာဝင်ခန်းတခုကို အသုံးပြုထားတာပါ။

အဲ့ဒီ့သတင်းအမှားကို ကြည့်ရှုသူ ၃၂,၀၁၄ဦး၊ reaction ပြုလုပ်သူ ၇၆၅ဦးနဲ့ ပြန်လည်မျှဝေသူ၉၁ဦးထိရှိကာ လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့လျက်ရှိပါတယ်။

ဒါ့အပြင် အဲ့ဒီ့သတင်းအမှားကို စစ်ကောင်စီကိုထောက်ခံတဲ့ ချန်နယ်တွေနဲ့ အကောင့်အများစုမှာလည်း ပြန်လည် ဖြန့်‌ဝေထားပြီး လူမှုကွန်ရက်အသုံးပြုသူတွေကြားမှာ ပျံ့နှံ့မှုအားကောင်းနေပါတယ်။

ပျံ့နှံ့နေတဲ့ သတင်းအမှားထဲမှာတော့ “မြစ်ကြီးနား-ဆွမ်ဘရာဘွမ် မဟာမြိုင်လမ်းပိုင်းရှိ တပ်မတော်ရဲ့ ဒရူခစခန်းကို KIA -PDFများက တိုက်ခိုက်သိမ်းပိုက်ပြီးမကြာမီ ပြန်လည်ချေမှုန်းခံလိုက်ရတဲ့ KIA-PDFအကြမ်းဖက်များ၊ မသာတွေအပုံလိုက်ပဲ ပုံဘယ်ကရလဲမမေးရ” လို့ရေးသားထားပြီး ဖြန့်ဝေထားတာပါ။

DNA Fact Check အဖွဲ့ကနေ ပျံ့နှံ့လာတဲ့ သတင်းအမှားကို စစ်ဆေးကြည့်တဲ့အခါမှာ Triple Threat https://shorturl.at/cOQR3 ရုပ်ရှင်ရဲ့ ပါဝင်တဲ့ ရုပ်ကတ်ကို အသုံးပြုထားတာတွေ့ရပြီး သတင်းအမှားဖြစ်ကြောင်း အတည်ပြုနိုင်ခဲ့ပါတယ်။

အဲ့ဒီ့သတင်းအမှားထဲမှာ ပါဝင်တဲ့ ဓါတ်ပုံဟာ ၂၀၁၉ ခုနှစ်မှာ ထွက်ရှိခဲ့တဲ့ ထိုင်းမင်းသား တိုနီချ (Tony Jaa/ Jaa Phanom) ပါဝင်တဲ့ Triple Threat ရုပ်ရှင်ထဲက ၁၃ မိနစ်နဲ့ ၁၈ စက္ကန့်မှာ ပါဝင်တဲ့ ရုပ်ကတ်ကို အသုံးပြုထားတာပါ။

KIA-PDFတွေက ပြီးခဲ့တဲ့စက်တင်ဘာ၂၀ရက်နေ့မှာ ဒရူခ စခန်းကို တိုက်ခိုက်သိမ်းပိုက်ခဲ့တာဖြစ်ပြီး စက်တင်ဘာ ၂၂ရက်နေ့မှာ စစ်ကောင်စီ လက်အောက်ခံ ဝါဒဖြန့်ချန်နယ်တွေက အဲ့ဒီ့ ဒရူခ စခန်းကို ပြန်လည်သိမ်းပိုက်နိုင်ခဲ့တယ်ဆိုပြီး သတင်းအမှားတွေဆက်တိုက်ဖြန့်ဝေနေခဲ့တာပါ။

စစ်ကောင်စီရဲ့ ဒရူခ စခန်းကို ပြီးခဲ့တဲ့ စက်တင်ဘာလ ၂၀ရက်နေ့မှာ KIA-PDFတွေ တိုက်ခိုက်သိမ်းပိုက်ခဲ့တဲ့ ရုပ်သံဖိုင်တွေကို ဒီနေရာ နဲ့ ဒီနေရာမှာ ကြည့်ရှုနိုင်ပါတယ်။

ဒ့ါကြောင့် ဒီကနေ့ခေတ်ဟာ ဆိုရှယ်မီဒီယာခေတ်ဖြစ်တဲ့အတွက် အဲဒီဆိုရှယ်မီဒီယာတွေပေါ်မှာ အကြောင်း အရာတခုခုကို ပုံဖျက်ဖို့အတွက် သတင်းအမှားတွေ၊ သတင်းအတုတွေကိုရည်ရွယ်ချက်ရှိရှိ ဖြန့်ဝေလာကြ တာရှိတဲ့အတွက် အလွယ်တကူမယုံကြည်ဖို့၊ ပြန်ပြီးမမျှဝေကြဖို့ အကြံပြုလိုပါတယ်။

စာဖတ်သူတွေအနေနဲ့ သတင်းတု/သတင်းမှား ဖြစ်တယ်လို့ သံသယရှိရင်ပဲဖြစ်ဖြစ်၊ မှန်ကန်တဲ့သတင်း ဟုတ်၊ မဟုတ်အတည်ပြုမေးမြန်းလိုရင်ပဲဖြစ်ဖြစ်၊ Fact Checking ပြုလုပ်ပေးတဲ့ သတင်းဌာန/အဖွဲ့ အစည်းတွေရဲ့ Chat Box ကနေ သွားရောက်မေးမြန်းကြဖို့ တိုက်တွန်းလိုပါတယ်။

DNA Fact Check Team ကို ဒီနေရာ ကနေ ဝင်ရောက် ဆက်သွယ်မေးမြန်းအကြံပြုဖို့လည်း ဖိတ်ခေါ် အပ်ပါတယ်။