လွတ်ငြိမ်းခွင့်နဲ့လွတ်လာတဲ့ မန္တလေးကပရဟိတအသင်းဥက္ကဌကို စစ်ကောင်စီပြန်ဖမ်း

သြဂုတ် ၊ ၉

စစ်ကောင်စီလွတ်ငြိမ်းခွင့်နဲ့ ပြန်လည်လွတ်မြောက်လာတဲ့ မန္တလေးမြို့က ရွှေမဟာနွယ်ပရဟိတ အသင်း ဥက္ကဌကို ရှစ်လေးလုံး ၃၅နှစ်မြောက်နေ့ လှုပ်ရှားမှုမှာ ပါဝင်ခဲ့တယ်ဆိုတဲ့အကြောင်းပြချက်နဲ့ စစ်ကောင်စီက ပြန်လည်ဖမ်း ဆီးသွားတယ်လို့ နီးစပ်သူတွေကပြောပါတယ်။

မန္တလေးမြို့အခြေစိုက် ရွှေမဟာနွယ် ပရဟိတအသင်း ဥက္ကဌ မရွှေမဟာနွယ်(ခ) မနွယ်နွယ်ဝင်းကိုသူနေထိုင်ရာ အောင်မြေသာစံမြို့နယ်က နေအိမ်ကနေ ဒီကနေ့ နေ့လယ်ပိုင်းမှာ စစ်ကောင်စီတပ်တွေက ဝင်ရောက်ဖမ်းဆီး သွားတာလို့ မနွယ်နွယ်ဝင်းနဲ့ နီးစပ်သူတဦးကပြောပါတယ်။

“သူ့ကို ဟန်ငြိမ်ဦး အကောင့်တွေကနေပြီးတော့ ရှစ်လေးလုံးလှုပ်ရှားမှုမှာပါတယ်၊ပြန်ဖမ်းဖို့ တင်ပြီးနောက် ဖမ်းခံရတာပဲ”လို့ နီးစပ်သူတဦးက ပြောပါတယ်။

စစ်ကောင်စီ ထောက်ခံတဲ့ တယ်လီဂရန်ချန်နယ်တွေမှာတော့ မနေ့က ၃၅နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ် လည် နေ့အထိမ်းအမှတ်အဖြစ် အွန်လိုင်းကပြုလုပ်တဲ့ ဓာတ်ပုံကမ်ပိန်းတခုမှာ ပါဝင်ခဲ့တာကြောင့် မရွှေမဟာနွယ်(ခ) မနွယ်နွယ်ဝင်းကို ပြန်လည်ဖမ်းဆီးခဲ့တာလို့ ရေးသားဖော်ပြကြပါတယ်။

မနေ့က ၃၅ နှစ်မြောက် ရှစ်လေးလုံး နှစ်ပတ်လည်အထိမ်းအမှတ်အဖြစ် မြန်မာနိုင်ငံလုံးဆိုင်ရာ နိုင်ငံရေး အကျဉ်း သားများကွန်ရက်အဖွဲ့ဝင်တွေ စုပေါင်းပြီး ဓာတ်ပုံကမ်ပိန်းတခုလုပ်ခဲ့ကြပေမယ့်မရွှေမဟာနွယ်ဆိုပြီး စစ် ကောင် စီတယ်လီဂရမ်ချန်နယ်တွေမှာဖော်ပြနေတဲ့ဓာတ်ပုံကတော့ မှားယွင်းနေတယ်လို့ အဲ့ဒီကွန်ရက် ပြောခွင့်ရ ကိုသိုက်ထွန်းဦးက DNA ကိုပြောပါတယ်။

“ သူ(မနွယ်နွယ်ဝင်း) ပြန်အဖမ်းခံရတယ်လို့တော့ ကြားတယ်၊ဒါပေမယ့်သူကကျွန်တော်တို့ အဖွဲ့ဝင်လည်း မဟုတ် ဘူး ၊အခုစစ်လော်ဘီတွေ ဖြန့်နေတဲ့ပုံကလည်း သူနဲ့ ပုံစံတူတဲ့ လူကိုဖမ်းသွားတာထင်တယ်၊ကျွန်တော်တို့ ကမ်ပိန်းမှာ ပါတဲ့ အမျိုးသမီးက အဖမ်းမခံရပါဘူး ” လို့ သူကပြောပါတယ်။

ရွှေမဟာနွယ် ပရဟိတအသင်း ဥက္ကဌ မနွယ်နွယ်ဝင်းဟာ ၂၀၂၁ ခုနှစ် နိုဝင်ဘာ ၁၅ရက်မှာ ပထမအကြိမ်ဖမ်း ဆီးခံ ခဲ့ရပါတယ်။အောင်မြေသာစံမြို့နယ်မှာအခြေစိုက်တဲ့ အဲ့ဒီအသင်းရုံးခန်းကို စစ်ကောင်စီတပ်က ဝင်ရောက်စီးနင်းပြီး ဖမ်း ဆီးသွားခဲ့တာပါ။

စစ်ဘေးရှောင်တွေနဲ့ မိဘမဲ့ကျောင်းတွေအတွက် အဝတ်အထည်နဲ့ ဆေးဝါးတွေ လှူဒါန်းဖို့ အလှူခံနေတဲ့အပေါ်  PDF တွေကို ထောက်ပံ့တယ်ဆိုကာ စွပ်စွဲဖမ်းဆီးသွားတာလို့ အဲ့ဒီပရဟိတအသင်းတာဝန်ရှိသူ တဦးကိုကိုးကားပြီး မနွယ်နွယ်ဝင်း ပထမအ ကြိမ် ဖမ်းဆီးခံရအပြီးနောက်တရက်မှာ Myanmar Now သတင်းဌာနက ဖော်ပြထားပါတယ်။

အဲ့ဒီလို ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီက မရွှေမဟာနွယ်(ခ) မနွယ်နွယ်ဝင်းကို ပုဒ်မ ၅၀၅(က)နဲ့ တရားစွဲဆို ကာ ထောင်ဒဏ်သုံးနှစ်ချမှတ်ခဲ့ပါတယ်။ အခုနှစ် မေလ ၃ရက် ကဆုန်လပြည့်နေ့မှာ နိုင်ငံတဝန်းအကျဉ်း ထောင် တွေထဲက ပုဒ်မ ၅၀၅(က)အကျဉ်းသားတွေကို စစ်ကောင်စီကလွတ်ငြိမ်းခွင့်နဲ့ ပြန်လွှတ်ပေးရာမှာပါဝင်တာကြောင့် ပြန်လည်လွတ်မြောက်လာခဲ့တာပါ။

မနေ့က ကျရောက်ခဲ့တဲ့ ရှစ်လေးလုံးအရေးတော်ပုံ ၃၅ နှစ်မြောက်အထိမ်းအမှတ်အဖြစ် နိုင်ငံတဝန်းရှိ တော်လှန် ရေးအဖွဲ့တွေနဲ့ သပိတ်အင်အားစုတွေ ပြည်သူတွေက ဆန္ဒပြတာ၊ပြောက်ကျားသပိတ်ပြုလုပ်တာနဲ့ အွန်လိုင်းကမ် ပိန်းလှုပ်ရှားမှုတွေ စတဲ့နည်းလမ်းမျိုးစုံနဲ့ လှုပ်ရှားမှုတွေလုပ်ခဲ့ကြပါတယ်။

အဲ့ဒီလှုပ်ရှားမှုတွေထဲက မုံရွာမြို့ ပြည်ထောင်စုလမ်း ကန်သာယာမှာ မနေ့ကညနေပိုင်းက ရှစ်လေးလုံး ၃၅နှစ် မြောက် အထိမ်းအမှတ်သပိတ်လှုပ်ရှားမှုကိုတော့ စစ်ကောင်စီက အိမ်စီးကားနဲ့ စောင့်ဆိုင်းပြီး ပစ်ခတ်ဖမ်းဆီးခဲ့ တာကြောင့် ဖမ်းဆီးခံရသူနဲ့ ထိခိုက်သူတွေရှိခဲ့သလို လက်ရှိအထိ အဆက်အသွယ်ပြတ်တောက်နေသူ တွေ လည်းရှိနေသေးတယ်လို့ မုံရွာသပိတ်အင်အားစုက အသိပေးထားပါတယ်။