မြင်းမူမှာ စစ်ကောင်စီစစ်ကြောင်းထိုး မီးရှို့လို့နေအိမ်ရှစ်ဆယ်ကျော်ပြာကျ၊ဒေသခံလေးဦးဒဏ်ရာရ

ဇူလိုင်၊ ၁၈

စစ်ကိုင်းတိုင်း၊မြင်းမူးမြို့နယ်၊မြောက်ခြမ်း မူးမြစ်ကမ်းပေါ်က မူးမန္တလေးရွာကို စစ်ကောင်စီက မနေ့ညနေ ပိုင်းမှာ မီးရှို့ခဲ့တာကြောင့် နေအိမ်ရှစ်ဆယ်ကျော်ပြာကျသွားသလို လက်နက်ကြီးတွေနဲ့ ပစ်ခတ်တာကြောင့် အရာတော် မြို့နယ် ဆင်တလည်ရွာခံလေးဦး ဒဏ်ရာရသွားတယ်လို့ ဒေသခံတွေကပြောပါတယ်။

စစ်ကိုင်းမြို့နယ် ဆားတောင်ဒေသနဲ့ မူးမြစ်သာခြားတဲ့ မူးမန္တလေးရွာကို မနေ့ကညနေ ငါးနာရီလောက်က တည်း က စစ် ကောင်စီတပ်က ပစ်ခတ်ဝင်ရောက်စစ်ကြောင်းထိုးခဲ့တာပါ။

အဲ့ဒီနောက်ရွာထဲကို နေအိမ်တွေကို မီးရှို့ခဲ့တဲ့အပြင် အနီးဝန်းကျင်ကျေးရွာတွေဘက်ကို လက်နက်ကြီးတွေနဲ့ လည်း ရမ်းသန်းပစ်ခတ်ခဲ့ပါသေးတယ်။

စစ်ကောင်စီတပ်က ပစ်ခတ်တဲ့လက်နက်ကြီးတွေကြောင့် မြင်းမူနယ်နဲ့ ထိစပ်နေတဲ့ အရာတော်မြို့နယ်ဆင်တ လည်ရွာက ကလေးတဦးအပါအဝင် ဒေသခံလေးဦးလည်း ဒဏ်ရာတွေရခဲ့တယ်လို့ ဒေသတွင်း သတင်းရင်းမြစ် တွေကပြောပါတယ်။

စစ်ကောင်စီရဲ့လက်နက်ကြီးပစ်ခတ်မှုတွေကြောင့် ဆင်တလည်ရွာက ဆယ်နှစ်အရွယ် ကလေး ငယ်တဦး အပါ အဝင် လေးဦးဒဏ်ရာရခဲ့ကြတာဖြစ်ပြီး ဒဏ်ရာရသူတွေထဲက အသက် ရှစ်ဆယ်ကျော်အရွယ် အဖွားအို တဦး ကတော့ အသက်အန္တရာယ်စိုးရိမ်နေရတယ်လို့သိရပါတယ်။

“အခုလည်းစစ်ကြောင်း မထွက်သေးဘူး၊၀င်မရသေးဘူး၊ပြည်သူတွေက အဲ့နားကရွာတွေအကုန်ပြေးနေရတာ” လို့ဒေသခံတဦးက ပြောပါတယ်။

 မူးမန္တလေးရွာကို စီးနင်းဝင်ရောက်ခဲ့တဲ့ စစ်ကောင်စီစစ်ကြောင်းဟာရွှေကြောင်းကန်နဲ့ မူးမန္တလေးရွာကြားမှာ လက်ရှိအချိန်အထိအထိုင်ချနေတာကြောင့် အဲ့ဒီအနီးတဝိုက် ရွာပါင်း နှစ်ဆယ်ကျော်က ဒေသခံ ထောင်ချီ ဆက်လက်တိမ်းရှောင်နေရပါတယ်။

အင်အားသုံးရာကျော်လောက်ပါတဲ့ အဲ့ဒီစစ်ကြောင်းနဲ့ ဒေသခံတော်လှန်ရေးတပ်ဖွဲ့တွေ မနေ့ ညနေပိုင်းက မူးမန္တ လေးရွာအနီးမှာ ထိတွေ့တိုက်ပွဲဖြစ်ခဲ့ကြပြီး နှစ်ဖက်ထိခိုက်ကျဆုံးမှုအခြေအနေတွေကိုတော့ အသေးစိတ်မသိရ သေးပါဘူး။

မြင်းမူမြို့နယ်ထဲမှာ စစ်ကြောင်းထိုးနေတဲ့ စစ်ကောင်စီတပ်ဟာ ဇူလိုင် ၆ ရက်ကနေ ၁၆ ရက် အထိ (၁၁) ရက် အ တွင်း ဒေသခံပြည်သူ ၁၅ ဦးကို သတ်ဖြတ်ခဲ့ကာ ကျေးရွာ လေးရွာက အိမ်ခြေ ၅၀၀ ကျော်ကို မီးရှို့ဖျက်ဆီးခဲ့ တယ်လို့ ဒေသတွင်းသတင်းရင်းမြစ်တွေကပြောပါတယ်။

စစ်ကောင်စီတပ်ဟာ အဲ့ဒီကာလအတွင်း နဘဲကြူးရွာခံ သုံးဦး၊ ငါးကင်းရွာခံသုံးဦး၊ ကံသုံးဆင့်ရွာခံတဦးတို့ ကို သတ် ဖြတ်ခဲ့သလို ဘယ်သူတွေဆိုတာ အတည်မပြုနိုင်သေးတဲ့ ဓားစာခံအဖြစ် ဖမ်းဆီးသွားသူ ခုနစ်ဦး၊ ဆပ်ပြာ ကျင်ရွာခံ တဦး စုစုပေါင်း ၁၅ဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။