စနိုက်ပါသင်တန်းဆင်းလာတဲ့ တော်လှန်ရေးတပ်ဖွဲ့ဝင်တွေ

မေ၊ ၂၀
 
အမျိုးသားညီညွတ်ရေးအစိုးရ (NUG)ကာကွယ်ရေးဝန်ကြီးဌာန တောင်ပိုင်းစစ်ဒေသ ကွပ်ကဲရေး၊ အထူးစစ်ဆင်ရေးတပ်ဖွဲ့ (S.O.F)ရဲ့ အထူးလက်ဖြောင့်မွမ်းမံသင်တန်းကို KNU တပ်မဟာ (၆)နယ်မြေထဲမှာ ပြုလုပ်ခဲ့ပြီး မနေ့က သင်တန်းပြီးမြောက်ခဲ့တယ်လို့ အဲ့ဒီတပ်ဖွဲ့က အသိပေးထားပါတယ်။
 
အဲ့ဒီသင်တန်းမှာ S.O.F တပ်ဖွဲ့ဝင်တွေအပြင် နဂါးနီစစ်ကြောင်း၊ ရေးဘီလူးတပ်ဖွဲ့၊ မွန်ပြည်တော်လှန်ရေးတပ် (MSRF)တို့က အတွေ့အကြုံရှိပြီး ထူးချွန်တဲ့ စနိုက်ပါတပ်ဖွဲ့ဝင်တွေ စုစုပေါင်း တပ်ဖွဲ့ဝင် (၃၀)ဦး တက်ရောက်ခဲ့ကြတယ်လို့ သိရပါတယ်။
 
သင်တန်းမှာ စာတွေ့ လက်တွေ့အနေနဲ့ လက်နက်မျိုးစုံံ၊ ပုံစံမျိုးစုံကို အချိန်တလကြာတဲ့အထိ လက်တွေ့ လေ့ကျင့်ပစ်ခတ်လေ့ကျင့်သင်ကြားခဲ့ကြပြီး တပ်ဖွဲ့တွေအချင်းချင်း ပူးပေါင်းစစ်ဆင်ရေးတွေဆောင်ရွက်နိုင်ဖို့နဲ့ စစ်ဆင်ရေးတိုင်းမှာ စနိုက်ပါတွေကို အထူးကဏ္ဍအနေနဲ့ ဗျူဟာကျကျ ပိုမိုဆောင်ရွက်နိုင်ဖို့ ရည်ရွယ်တယ်လို့ ဆိုပါတယ်။
ဓာတ်ပုံ – SOF