မေ ၊ ၁၉
စစ်ကိုင်းတိုင်း၊ ရွှေဘိုမြို့နယ်၊ကံသာကုန်းကျေးရွာကိုစစ်ကောင်စီတပ်ကမနေ့ကဝင်ရောက်စီးနင်းပြီးဖမ်းဆီးခဲ့တဲ့အရပ်သားတွေထဲကအမျိုးသားတွေ ကိုစစ်ကောင်စီတပ်ကတဥဦးလျှင်ငွေကျပ်ငါးသိန်းနှုန်းနဲ့ပြန်ရွေးခိုင်းနေတယ်လို့စုံစမ်းသိရပါတယ်။
ကံသာကုန်းကျေးရွာကဖမ်းဆီးခံအရပ်သားငါးဆယ်ဦဦးအနက်အမျိုးသမီးဆယ်ဦးနဲ့ကလေးငယ်တွေကိုမနေ့ညနေကပဲ ပြန်လွှတ်ပြီးကျန်ရှိနေတဲ့အမျိုးသားတွေအတွက်တဦးကိုငါးသိန်းပေးပါကပြန်လွှတ်ပေးမယ်ဆိုပြီးစစ်ကောင်စီတပ်သားတွေကပြောဆိုလိုက်တာလို့ဆိုပါတယ်။
“မနေ့ကညနေပိုင်း ညောင်ပင်သာရွာကနေ ပြန်လွှတ်ပေးတယ်လို့ သိရတယ်။ဆယ်ယောက်ကျော်လောက် ပြန်လွှတ်ပေးတယ်၊အမျိုးသားတွေတော့ ဆက်ဖမ်းထားပြီး တယောက်ကို ငါးသိန်းနှုန်းနဲ့ ရွေးခိုင်းတာ၊ကလေးတွေက သူတို့မိခင်တွေနဲ့အတူ ပြန်လွှတ်ပါတယ်၊ဆက်ဖမ်းထားတာတော့ယောကျာ်းလေးတွေပဲနှစ်ဆယ်တော့ကျော်တယ်”လို့ People’s Defense Comrade မှ ပြန်ကြားရေးတာဝန်ခံ ထူးခန့်ဇော်က DNA ကိုပြောပါတယ်။
လက်ရှိမှာတော့စစ်ကောင်စီတပ်တွေဟာကံသာကုန်းရွာကဖမ်းဆီးသွားတဲ့အရပ်သားတွေကိုခေါ်ဆောင်ပြီးခင်ဦးနယ်ထဲကလိပ်ရကုန်းကျေးရွာကနေ၊မူးမြစ်အရှေ့ဖက်လက်ပံကြိးကျေးရွာကိုဆက်လက်စစ်ကြောင်းထိုးနေတယ်လို့သိရပါတယ်။
“အသက်အန္တရာယ်ကတော့သူတို့အတွက်စိုးရိမ်နေရတာပေါ့၊ယောက်ကျားလေးတွေပဲဆိုတော့၊ခုလဲအမြန်ဆုံးပြန်ရွေးဖို့ရှာဖွေနေကြရတယ်၊ချေးတဲ့သူကချေးငှားတဲ့သူကငှားပေါ့”လို့ ဒေသခံတဦးက DNAကိုပြောပါတယ်။
ဒါ့အပြင်သူတို့တပ်စွဲခဲ့တဲ့ညောင်ပင်သာရွာရှိစျေးဆိုင်တွေကအရက်ဖာ၊ဘီယာတွေအပြင်ရွာရှိနေအိမ်တွေကပစ္စည်းတွေ၊ရွာမှာရှိတဲ့ကားနဲ့ဆိုင်ကယ်တွေကိုကားအကြီးနှစ်စီး၊ထွေလာဂျီတစီးနဲ့စစ်ကောင်စီတပ်တွေတပ်စွဲထားတဲ့မုံရွာစိုက်ပျိုးသိပ္ပံဝန်းထဲကိုသယ်ဆောင်သွားတယ်လို့ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
မနေ့ကကံသာကုန်းရွာအထွက်ကျီးကန်ရွာနဲ့ဘိုတဲကုန်းကြားမှာစစ်ကောင်စီတပ်နဲ့ပြည်သူ့ကာကွယ်ရေးတပ်တွေကြားထိတွေ့တိုက်ပွဲဖြစ်ပွါးခဲ့သလိုပြည်သူ့ကာကွယ်ရေးတပ်ဖွဲဝင်တဦးလဲထိခိုက်ဒါဏ်ရာရရှိခဲ့ပါတယ်။
စစ်ကိုင်းတိုင်း၊ စစ်ကိုင်းမြို့ ၊ တာတိုင်ကျေးရွာက လူသားဒိုင်းအဖြစ် ဖမ်းဆီးခေါ်ဆောင်သွားတဲ့အရပ်သား ၁၇ ဦးခန့်ကိုဒီနှစ်၊ မတ်လဆန်းက သတ်ဖြတ်ခဲ့သလို ဧပြီလကုန်ခါနီးကလည်း ဆားလင်းကြီးမှာ လူသားဒိုင်းအဖြစ်ဖမ်းသွားတဲ့ အရပ်သားငါးဦးကိုသတ်ဖြတ်ခဲ့ပါသေးတယ်။
စစ်ကောင်စီအာဏာသိမ်းချိန်က ၂၀၂၃ ခုနှစ်၊ ဧပြီလ ၃၀ ရက်အထိ စစ်ကောင်စီတပ် ဒါမှမဟုတ် ထောက်ခံသူတွေလက်ချက်နဲက အကျဉ်းထောင်၊ စစ်ကြောရေး၊ ဘားတိုက် ဒါမှမဟုတ် ဖမ်းဆီးထားတုန်းသတ်ဖြတ်ခဲ့သူဦးရေဟာ ၁၁၆၃ ဦးရှိတယ်လို့ နိုင်ငံရေးအကျဉ်းသားများကူညီစောင့်ရှောက်အရေးအသင်း AAPP ကထုတ်ပြန်ထားပါတယ်။
ဒါဟာ စစ်ကောင်စီလက်ချက်နဲ့သေဆုံးသူပေါင်း ၃၄၄၇ ဦးထဲမှာ ၃၄ ရာခိုင်နှုန်းဖြစ်တယ်လို့ အဲဒီတုန်းက ထုတ်ပြန်ထားတာပါ။
Photo Social Mediaပုံဟောင်း