မိုခါမုန်တိုင်းဝင်ရောက်ပြီးနောက် မြင်ရတဲ့ စစ်တွေမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ဆိုင်ကလုန်းမုန်တိုင်း မိုခါဝင်ရောက်ခဲ့တဲ့ ရခိုင်ပြည်နယ်၊ စစ်တွေမြို့ရဲ့ မြင်ကွင်းတွေကို ဒီကနေ့ မေလ ၁၄ ရက်နေ့မှာ ဒေသတွင်းမီဒီယာတွေနဲ့ ဒေသခံတချို့က လူမှုကွန်ရက်စာမျက်နှာပေါ်မှာတင်ထားတဲ့ ဓါတ်ပုံမှတ်တမ်းတွေပဲဖြစ်ပါတယ်။ စစ်တွေမြို့ဟာဆိုရင် မနေ့ မေလ ၁၄ ရက်နေ့က အင်အားပြင်း ဆိုင်ကလုန်းမုန်တိုင်း မိုခါ ဝင်ရောက်ခဲ့တာကြောင့် ရေကြီးရေလျှံမှုတွေနဲ့ နေအိမ်ပျက်စီးမှုတွေအပြင် ဆက်သွယ်ရေးတာဝါတိုင်ကျိုးကျမှုတွေလည်း ဖြစ်ခဲ့ပြီး မြို့ခံတွေနဲ့ ပရဟိတအသင်းတွေဆီကို မနေ့ညနေပိုင်းကစလို့ အဆက်အသွယ်ပြတ်ခဲ့ပြီးနောက် အခုမနက်ပိုင်းမှာ မြို့တွင်းမြင်ကွင်းတချို့ကို အခုလိုမြင်တွေ့ရတာဖြစ်ပါတယ်။ ဓါတ်ပုံ- The Arakan Express News/Western News MOCHAစစ်တွေဆိုင်ကလုန်းမိုခါ
ဒေသအလိုက် သတင်းကဏ္ဍ စစ်တွေမှာ ဗြောက်အိုးရောင်းတဲ့ အမျိုးသမီးတဦးကို စစ်ကောင်စီ ဖမ်းဆီး October 28, 2023 ဒေသအလိုက် သတင်းကဏ္ဍ အောက်တိုဘာ ၊ ၂၈ ရခိုင်ပြည်နယ် စစ်တွေမြို့မှာ သီတင်းကျွတ်ကာလဗြောက်အိုးနဲ့ ရှုးဒိုင်းတွေ ရောင်းချနေတဲ့ အမျိုးသမီးတဦးကို စစ် ကောင်စီလက်အောက်ခံ ရဲတပ်ဖွဲ့ဝင်တွေက ဒီကနေ့ဖမ်းဆီးသွားတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။ “ရဲတွေက စျေးထဲကို ဝင်ဖမ်းသွားတာ၊ ဗြောက်အိုးမရောင်းရဘူးလို့လည်း ဘယ်သူမှ [ဆက်လက်ဖတ်ရှုရန်]
ဒေသအလိုက် သတင်းကဏ္ဍ နှစ်ပေါင်းခြောက်ဆယ်နီးပါးအတွင်း မိုးရေချိန်စံချိန်သစ်တင်ခဲ့တဲ့ ပုဂံမြို့မြင်ကွင်း May 15, 2023 ဒေသအလိုက် သတင်းကဏ္ဍ မေ၊ ၁၅ ရှေးဟောင်းယဉ်ကျေးမှုနယ်မြေဖြစ်တဲ့ ပုဂံညောင်ဦးဒေသမှာ ပြီးခဲ့တဲ့ရက်ပိုင်းအတွင်း မိုးများပြီး မိုးရေချိန်အမြင့်ဆုံးစံချိန်တင်ခဲ့ပါတယ်။ ညောင်ဦးမြို့နယ်မှာ လွန်ခဲ့တဲ့ ငါးနှစ်အကြာ ၂၀၁၈ ခုနှစ်က စံချိန်သစ်ဖြစ်ခဲ့တဲ့ ၄ ဒဿမ ၇၆ လက်မကို စံချိန်ချိုးနိုင်ခဲ့သလို မိုးရေချိန်စံချိန်သစ်အဖြစ် နှစ်ပေါင်း [ဆက်လက်ဖတ်ရှုရန်]
နိုင်ငံရေး မုန်တိုင်းဝင်နိုင်ခြေရှိတဲ့ ရခိုင်ကမ်းရိုးတန်းဒေသတွေမှာ စစ်ကောင်စီက ကြိုတင်သတိပေး ပြင်ဆင်မှုမရှိသေးဘူးလို့ ဒေသခံတွေပြော May 6, 2023 နိုင်ငံရေး မေ၊ ၆ လာမယ့် သီတင်းပတ်တခုအတွင်း ဆိုင်ကလုန်မုန်တိုင်းတခု မြန်မာနိုင်ငံကမ်းရိုးတန်းဒေသတွေကို ဝင်ရောက်နိုင်ခြေရှိနေတယ်လို့ မိုးလေဝသပညာရှင်တွေက သတိပေးထားပေမယ့် ရခိုင်ကမ်းရိုးတန်းဒေသတွေမှာတော့ ကြိုတင်သတိပေးပြင်ဆင်မှုတွေ လုပ်နေတာမရှိသေးဘူးလို့ ကျောက်ဖြူ၊ မြေပုံနဲ့ မာန်အောင်မြို့နယ်က ဒေသခံတွေက DNA ကို ပြောပါတယ်။ [ဆက်လက်ဖတ်ရှုရန်]