မတ်၊ ၅
စစ်ကိုင်းတိုင်းဒေသကြီးထဲကစစ်အုပ်ချုပ်ရေးကြေငြာခံထားရတဲ့မြို့နယ်တွေထဲမှာတခုအပါအဝင်ဖြစ်တဲ့ ရေဦးမြို့နယ်က ဖလံဂုဏ်ရွာ ကိုစစ်ကောင်စီတပ်တွေကမနေ့ကနံနက်၄နာရီကနေ၅နာရီဝန်းကျင်အချိန်က ဝင်ရောက်စီးနင်းခဲ့တာကြောင့် ပြည်သူ့ရဲတပ်ဖွဲ့က ရဲအုပ်တဦးအပါအဝင်ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်၅ဦးသေဆုံးခဲ့ပါတယ်။
“သူတို့ကရေဦးအနောက်ဘက်ကနေပိတ်ပြီးဝင်စီးတာ ။မနက်၄နာရီနဲ့၅နာရီကြားလောက်ကရွာမှာကင်းစောင့်နေတဲ့ပလဖတာဝန်ခံ(ပြည်သူ့လုံခြုံရေးအဖွဲ့)ကရဲအုပ်တဦးနဲ့ဒေသကာကွယ်ရေးတပ်ဖွင်၄ဦးကိုအသတ်ခံရတယ် “လို့ ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးကပြောပါတယ်။
စစ်ကောင်စီတပ်တွေကရွာစဉ်ပတ်ပြီးလှည့်လည်လူသတ်မီးရှို့နေတာတွေ ကြောင့် ဖလံဂုဏ်ရွာအနီးပါတ်ဝန်းကျင်က၁၀ရွာကလူဦးရေ၇၀၀၀ကျော်ဝန်းကျင်စစ်ရှောင်နေရတယ်လို့သိရပါတယ်။
စစ်အုပ်စု ရန်ကြောင့် ရေဦးမြို့နယ် အနောက်ခြမ်းကသံသည်၊ ဇဝ၊ ဝက်ဖိုး၊ မြင်းပေါက်၊ တောင်ကုန်း၊ ကုန်းသာ၊ ချမ်းသာ၊ ရွာသစ်၊ ထန်းပင်ကုန်း၊ ဖလံဂုဏ်စတဲ့ကျေးရွာတွေစစ်ရှောင်နေရပါတယ်။
“အခုလက်ရှိအချိန်ထိကရွာကိုပြန်မကပ်နိုင်သေးဘူး ။သူတို့နေနေတဲ့အိမ်ကိုတော့မိးရှို့သွားတယ်လို့ကြားတယ်။အသေးစိတ်အချက်လက်တွေကိုလည်းမသိရသေးတာတွေရယ်လုံခြုံရေးအရပြောလို့မရတာတွေရှိနေတယ်”လို့ဒေသကာကွယ်ရေးတပ်ဖွဲ့ဝင်တဦးက DNAကိုပြောပါတယ်။
စစ်ကောင်စီဟာ စစ်ကိုင်းတိုင်းက မြို့နယ် ၁၄မြို့နယ်ကို စစ်အုပ်ချုပ်ရေးကြေညာထားသလို ဒီလတရက်နေ့လည်းစစ်ကိုင်းမြို့၊တာတိုင်ကျေူရွာက အမျိုးသမီး ၃ ဦးအပါအဝင် ၁၇ဦးကိုသတ်ဖြတ်ခဲ့ပါတယ်။
အာဏာသိမ်းအပြီး စစ်ရှောင်ရတဲ့ လူပေါင်း ၁ဒဿမ ၆သန်းအနက် ရှစ်သိန်းနဲ့ အိမ်ပေါင်းငါးသောင်းငါးထောင်ကျော် မီးရှို့ခံရတဲ့အနက် လေးသောင်းကျော်ဟာစစ်ကိုင်းတိုင်းကဖြစ်ပါတယ်။
စစ်ကောင်စီဟာ ဖေဖော်ဝါရီလ တလတည်းအတွင်းမှာနေအိမ်ပေါင်း ၆၁၅၈လုံး ၊ဘာသာရေးအဆောက်အဦး ၁၁ခု ၊စာသင်ကျောင်းပေါင်း၁၁ကျောင်းမီးရှို့ဖျက်စီးခဲ့တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရတရားရေးဝန်ကြီးဌာနကဒီကနေ့ထုတ်ပြန်ထားပါတယ်။