စစ်ကိုင်းတိုင်းဒေသကြီး၊ ပုလဲမြို့နယ်နဲ့ ခင်ဦးမြို့နယ်ထဲမှာ စစ်ကောင်စီတပ်တွေမီးရှို့ဖျက်ဆီးထားတဲ့ ကျေးရွာက အိမ်ထောင်စုတွေအတွက် ဒီကနေ့မှာ မြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေက သက်ဆိုင်ရာမီးရှို့ခံအိမ်ထောင်စုတွေကို ကူညီထောက်ပံ့မှုတွေပြုလုပ်ခဲ့ကြပါတယ်။
ပုလဲမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ဆီကိုပေးအပ်လာတဲ့ NUG လူသားခြင်းစာနာထောက်ထားချင်းနဲ့ ဘေးအန္တရာယ်ဆိုင်ရာ စီမံခန့်ခွဲရေးဝန်ကြီးဌာနကထောက်ပံ့ငွေနဲ့ အလှူရှင်တွေရဲ့ ထောက်ပံ့ငွေတွေ ကို စစ်တပ်မီးရှို့တာခံရတဲ့ အိမ်ထောင်စု(၁၆၂)စုက ဒေသခံတွေကို ပေးအပ်ခဲ့ကြောင်းကိုထုတ်ပြန်ထားပါတယ်။
”အလှူရှင်တွေ ထပ်တိုးပေါ်လာရင်တော့ ပြန်လည်ထူထောင်ရေး ကိစ္စတွေ ဆောင်ရွက်နိုင်မှာပါ။အခုချိန်တော့ အရေးပေါ် စားသောက်ရေး အဆင်ပြေရုံလောက်ပဲ ဆောင်ရွက်နိုင်ပါသေးတယ်” လို့ ပုလဲမြို့နယ်ပြည့်သူကာကွယ်ရေးက တာဝန်ရှိသူ ကိုဇော်ထက်က DNA ကိုပြောပါတယ်။
အလားတူ စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်မှာလည်း ပြီးခဲ့တဲ့ ဇန်နဝါရီလထဲမှာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးမီးရှို့တာခံထား၇တဲ့ ကျေးရွာ ၄ရွာကို ဒေသခံမြို့နယ်အုပ်ချုပ်ရေးအဖွဲ့တွေကဦးဆောင်ပြီး အိမ်ထောင်စု၇၀၀ကိုစားသုံးဆီ၅၀ကျပ်သားနဲ့ငွေသား ၁၀၀၀၀ကျပ်ထောက်ပံ့ခဲ့တယ်လို့ သိရပါတယ်။
စစ်ကောင်စီရဲ့အာဏာသိမ်းမှု၂နှစ်အကြာမှာ စစ်ပြေးဒုက္ခသည်ပေါင်းနှစ်သန်းနီးပါးရှိနေပြီးစစ်ရှောင်ဦးရေရဲ့ ၁၅ရာခိုင်နုန်းဟာစစ်ကိုင်းတိုင်းကဖြစ်တယ်လို့ ISP Myanamar ကထုပ်ပြန်ထားပါတယ်။