RCSS တပ်ဖွဲ့ဝင် စစ်သုံ့ပန်း ဆယ့်တဦးကို TNLA လွတ်ငြိမ်းခွင့်ပေး

တအာင်းလွတ်မြောက်ရေးတပ်မတော် (PSLF/TNLA)က တိုက်ပွဲတွေအတွင်း ဖမ်းဆီးရမိတဲ့ RCSS/SSA တပ်သား စစ်သုံ့ပန်း ၁၁ ဦးနဲ့ အကျဉ်း သား (၈) ဦးတို့ကို ဒီကနေ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
ဒီနှစ် ဇန်နဝါရီလ ၁၂ ရက်မှာ နှစ် ၆၀ ပြည့်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့ကို ဂုဏ်ပြုတဲ့ အနေနဲ့ PSLF/TNLA ဥက္ကဌ ဒုတိယ ဗိုလ်ချုပ်ကြီး တားအိုက်ဘုန်းရဲ့ အမိန့်နဲ့ စစ်သုံ့ပန်း ၁၁ ဦးနဲ့ အကျည်းသား ၈ ဦးတို့ကို ဒီလထဲမှာ ဒုတိယအကြိမ်မြောက် ထပ်မံ လွှတ်ပေးခဲ့တာဖြစ်တယ်လို့ PSLF/TNLA ပြန်ကြားရေးက ထုတ်ပြန်ပါတယ်။
 
PSLF/TNLA က ဖမ်းဆီးရမဲ့တဲ့ RCSS/SSA စစ် သုံ့ပန်းတွေဟာ တိုက်ပွဲတွေ အတွင်းမှာ လက်နက်မဲ့နဲ့ လက်နက်နဲ့တကွ ဖမ်းဆီးရမိခဲ့တဲ့ သူတွေဖြစ်ပြီး ပြန်လွှတ်ပေးခဲ့တဲ့ RCSS/SSA စစ်သုံ့ပန်းတွေရဲ့ ကိုယ်ပိုင်အမှတ်တွေနဲ့ တပ်ရင်းနာမည်တွေကိုလည်းထုတ်ပြန်ချက်ထဲမှာ ဖော်ပြထားပါတယ်။
 
ဒါ့အပြင် PSLF/TNLA က ထိန်းချုပ်ထားတဲ့ နယ် မြေတွေမှာ ပြစ်မှုကျူးလွန်တယ်လို့သတ်မှတ်ခံရပြီးအကျဉ်းထောင် အသီးသီးမှာ အကျဉ်းကျနေတဲ့ အကျဉ်းသား ၈ ဦးကိုလည်း လွတ်ငြိမ်းခွင့်နဲ့ ထပ်မံလွှတ်ပေးလိုက်တယ်လို့ သိရပါတယ်။
 
PSLF/TNLAဟာ ဒီနှစ် ဇန်နဝါရီလ ၁၂ ရက်က ကျရောက်တဲ့ တအာင်းအမျိုးသားတော်လှန်ရေးနေ့မှာလည်း ပထမအကြိမ်အဖြစ် အကျဉ်းထောင်အသီးသီးမှာ ပုဒ်မမျိုးစုံနဲ့ အကျဉ်းကျနေတဲ့ အကျဉ်းသား ၇၃ ဦးကို လွတ်ငြိမ်းချမ်းသာခွင့်နဲ့ ပြန်လွှတ်ပေးခဲ့ပါသေးတယ်။
Photo -TNLA