ချင်းအမျိုးသားတပ်ဦး (CNF/CNA) ဌာနချုပ် Camp Victoria ကို စစ်ကောင်စီတပ်က ဇန်နဝါရီလ ၁၁ ရက်နေ့ ညနေ လေးနာရီဝန်းကျင်မှာလေကြောင်းကနေ လာရောက်ပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ ဌာနချုပ်မှာ ရှိနေတဲ့ ကာကွယ်ရေးတပ်ဖွဲ့ဝင် တဦးက DNA ကိုပြောပါတယ်။
“အပြာရောင်တွေ သုံးစီးမှာ အလယ်တစီးက မပစ်ဘူး၊နှစ်စီးကပစ်တာ၊အတွဲလိုက်ပဲအဆောက်အဦးတချို့ မီး လောင်တယ်၊လူထိခိုက်မူမသိရသေးဘူး၊မီးခိုးတွေဖုန်တွေပဲမြင်ရတာ” လို့ သူက မျက်မြင်အခြေအနေကို ပြောပါတယ်။
စစ်ကောင်စီဟာ ဇန်နဝါရီ ၁၀ ရက် မနေ့ကကလည်း CNA / CNF ဌာနချုပ်ကို ဗုံးကျဲတိုက်ခိုက်ခဲ့ပြီး ဒီက နေ့မှာ ဒုတိယအကြိမ်ထပ်မံတိုက်ခိုက်တာဖြစ်ပါတယ်။ မနေ့ကတိုက်ခိုက်မှုကြောင့် CNF ဌာနချုပ်မှာရှိနေ တဲ့ တော်လှန် ရေး တပ်ဖွဲ့ဝင် ငါးဦး ကျဆုံးတယ်လို့ ချင်းတော်လှန်ရေးအင်အားစုတွေက ထုတ်ပြန်ပြော ဆိုထားပါတယ်။
ဒီကနေ့ ထပ်ပြီး တိုက်ခိုက်ခံရတာကြောင့် ထိခိုက်မှုအခြေအနေကိုတော့ မသိရသေးပါဘူး။စစ်ကောင်စီက CNF ဌာနချုပ်ကို မနေ့က ဗုံးကျဲတိုက်ခိုက်တဲ့အပေါ် ဝေဖန်မှုတွေ ရှိနေချိန်မှာပဲ ဒီကနေ့ ထပ်ပြီး အလားတူ တိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။