ရန်ကုန်မြို့၊ရွှေပြည်သာမြို့နယ်မှာ ဒီဇင်ဘာ (၁၆)ရက် ဒီကနေ့ မနက်ပိုင်းက လမ်းသွား၊ လမ်းလာ တဦးရဲ့ ဖုန်းလု ပြီးဆိုင်ကယ်နဲ့ထွက်ပြေးသူနှစ်ဦးကို တက္ကစီယာဥ်မောင်းတဦးက ကားနဲ့တိုက်ဖမ်းဆီးလိုက်နိုင် တယ်လို့ မျက်မြင် ကြုံတွေ့သူတွေဆီကသိရပါတယ်။
ရွှေပြည်သာကွေ့နားကလမ်းပေါ်မှာ ဒီကနေ့မနက် (၇)နာရီဝန်းကျင်က ဖုန်းလုယက်မှုဖြစ်ခဲ့တာဖြစ်ပြီး ဖြစ်စဉ် ကိုတွေ့သွားတဲ့ တက္ကစီယာဉ်မောင်းက ကားနဲ့လိုက်တိုက် ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။
“ကားနဲ့အတိုက်ခံရတော့တယောက်ကထွက်ပြေးတယ်၊နောက်တယောက်ကထွက်ပြေးဖို့လုပ်နေချိန်မှာပတ်ဝန်းကျင်ကဖမ်းမိသွားတယ်၊ပြေးသွားတဲ့တယောက်ကိုလည်း ဝိုင်းပိတ်ဖမ်းတော့မိသွားတယ်”လို့ ဖြစ်စဥ်ကိုကိုယ်တိုင်မြင်တွေ့ရသူတစ်ဦးကပြောပါတယ်။
အဲဒီလို ကားနဲ့တိုက်ဖမ်းပြီးတဲ့နောက် နယ်မြေခံယာဥ်ထိန်းရဲနဲ့စစ်သားတချို့ရောက်ရှိလာပြီး စစ်ဆေး မေးမြန်း မှုတွေလုပ်ခဲ့တယ်လို့သိရပါတယ်။
ပြည်သူတွေဝိုင်းဖမ်းလို့မိတဲ့ အဲ့ဒီဖုန်းလုသူနှစ်ဦးကို နယ်မြေခံရဲ တွေက ခေါ်သွားပေမယ့် ဆက်လက် အရေးယူ မယူဆိုတာကိုတော့ မသိရဘူးလို့ မျက်မြင်တွေ့ခဲ့သူတွေကပြောပါတယ်။
ရွှေပြည်သာမြို့နယ်မှာ စစ်အာဏာသိမ်းပြီးနောက်ပိုင်းလုယက်မူတွေမကြာခဏဖြစ်ပေါ်နေပေမယ့် ကျူးလွန် သူတွေကိုဖမ်းမိတာမရှိဘဲ ဒီကနေ့ဖြစ်စဉ််ကတော့ ကားသမားတစ်ဦးရဲ့ အရဲစွန့် လုပ်ဆောင် ချက်ကြောင့်ဖမ်းမိ တာလို့လည်း ဒေသခံတွေကပြောပါတယ်။