ရန်ကုန်မြို့မှာ အမျိုးသားအောင်ပွဲနေ့အထိမ်း အမှတ်အဖြစ် ဆန္ဒပြ

အမျိုးသားအောင်ပွဲနေ့ (၁၀၂) နှစ်မြောက်အထိမ်း အမှတ်အဖြစ် ဒီကနေ့ နိုဝင်ဘာ (၁၇)ရက်၊ မနက် ပိုင်းက ဗကသများအဖွဲ့ချုပ်နဲ့ မဟာမိတ်အဖွဲ့တွေ စုပေါင်းပြီး ရန်ကုန်မြို့တစ်နေရာမှာ သပိတ်မှာက် ဆန္ဒပြခဲ့ကြပါတယ်။

အဲ့ဒီဆန္ဒပြမှုကို လှိုင်သာယာမြို့နယ်(ဗကသများအဖွဲ့ချုပ်)က ဦးဆောင်ပြုလုပ်တာဖြစ်ပြီး “အမျိုး သားခွပ်ဒေါင်းအလံတော်အား အမြင့်မားဆုံးလွှင့်ထူကြ၊ စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ခြေမှုန်းကြ” စာသားပါဘန်နာနဲ့ စစ်အာဏာရှင်စနစ် ဆန့်ကျင်ရေးလှုပ်ရှားမှုတရပ် ပြုလုပ်ခဲ့တာဖြစ်တယ်လို့ရန်ကုန်သူပုန်များသပိတ်ကော်မတီ – YRSC ဦးဆောင်သူက ​DNAကို​ပြောပါတယ်။

ရန်ကုန်မြို့ဟာ စစ်ကောက်စီတပ်တွေရဲ့လုံခြုံတင်းဘကျပ်ထားတဲ့မြို့ကြီးတွေထဲကတစ်ခုဖြစ်တဲ့အ တွက် သပိတ်မှောက်ဆန္ဒပြရာမှာတော့ အဖွဲ့ဝင်တွေအနေနဲ့ သတိထားလုပ်ဆောင်ခဲ့ရတယ်လို့လည်း ဆိုပါတယ်။

“ကျွန်တော်တို့သပိတ်မစခင်၁နာရီအလိုလောက်က တည်းက DC ကင်းပတ် တအားစိတ်ပြီး တော်တော် လှုပ်ရှားရကျပ်တယ်ပြောရမယ်၊ကံကောင်းတာကတကြောင်းဦးဆောင်စီစဥ်တဲ့ဗကသရဲဘော်တွေစေ့စပ်တာတကြောင်း ကျွန်တော်တို့သပိတ်ဟာအောင်အောင်မြင်မြင်နဲ့ပဲလူစုခွဲနိုင်ခဲ့ပါတယ်”လို့ YRSC ဦးဆောင်သူက ​ပြောပါတယ်။

အဲ့ဒီလှုပ်ရှားမှုမှာ ရန်ကုန် မြို့နယ်အသီးသီးက ကျောင်းသားတော်လှန်ရေးအင်အားစုတွေနဲ့အတူ ရန်ကုန်ရဲ့သူပုန်များသပိတ်ကော်မတီ – YRSC နဲ့ရွှေပြည်သာမြို့နယ်သပိတ်ကော်မတီ (SPTSC) တို့က ပူးပေါင်းပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။