၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင်ကိုမြအေးဟာ ဒီကနေ့ နိုဝင်ဘာ ၁၇ ရက်နေ့ စစ်ကောင်စီရဲ့ လွတ်ငြိမ်းချမ်းသာခွင့်နဲ့ပြန်လွတ်မြောက်လာပြီလို့သူနဲ့ နီးစပ်တဲ့အသိုင်းအဝိုင်းတွေဆီကသိရပါတယ်။
ကိုမြအေးဟာဆိုရင် စစ်အာဏာသိမ်းလိုက်တဲ့ ၂၀၂၁ ဖေဖော်ဝါရီလကတည်းက အကြောင်းပြချက်မဲ့ ဖမ်းဆီးခံလိုက်ရသူတွေထဲကတဦးဖြစ်ပြီးအကျဉ်းထောင်ထဲမှာ ကျန်းမာရေးအခြေအနေဆိုးရွားမှုကိုရင်ဆိုင်ခဲ့ရသူလည်းဖြစ်ပါတယ်။
ဖမ်းဆီးသွားပြီးတဲ့နောက်မှာလည်း စစ်ကောင်စီက သူရဲ့လက်ကိုင်ဖုန်းထဲမှာရှိနေတဲ့ လွန်ခဲ့တဲ့ ၇ နှစ်ကအီးမေးလ်ကိုအကြောင်းပြပြီး ဥပဒေပုဒ်မ ၅၀၅(ဂ)နဲ့တရားစွဲဆိုပြီး ထောင်ဒဏ် ၂ နှစ်ချမှတ်ခဲ့ပါတယ်။လက်ရှိ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုမြအေးပြန်အေးလွတ်မြောက်လာတဲ့အခြေအနေနဲ့ပတ်သက်ပြီးလည်း မိသားစုဝင်တွေဆီကို DNA ကဆက်သွယ်မေးမြန်းဖို့ကြိုးစားနေပါတယ်။
စစ်ကောင်စီဟာ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာ ၈၈မျိုးဆက်ကျောင်းသားခေါင်းဆောင် ကိုဂျင်မီနဲ့NLD လွှတ်တော်ကိုယ်စားလှယ်ဦးဖြိုးဇေယျာသော်တို့လိုအထင်ကရနိုင်ငံရေးသမားတွေကိုလည်းနိုင်ငံတကာကန့်ကွက်မှုတွေကြားကနေ သေဒဏ်ချမှတ်ခဲ့ပါတယ်။