ချင်းပြည်နယ်၊မတူပီမြို့က မြို့ခံ တောင်သူတဦးဟာ အောက်တိုဘာ (၁၀)ရက် နေ့လယ်ပိုင်းမှာ စိုက်ပျိုးရေးခြံ ထဲ သွားရာက မိုင်းထိလို့ နေရာမှာပဲ သေဆုံးသွားတယ်လို့ မတူပီမြို့ခံတွေက DNA ကိုပြောပါတယ်။
မိုင်းထိသေဆုံးသွားသူဟာ မတူပီမြို့ပေါ်မှာ နေထိုင်တဲ့ အသက်(၅၀)အရွယ် ဦးလာလ်ဒိန်းလျန်ဆိုသူဖြစ်ပြီး မတူ ပီမြို့နဲ့ သုံးမိုင်၊လေးမိုင်ဝန်းကျင်အကွာ လည်မျို ချောင်းအနီးက သူပိုင်ဆိုင်တဲ့ “ဝ”ဥစိုက်ပျိုးရေးခြံထဲသွားရင်း မိုင်း ထိခဲ့ တာဖြစ်တယ်လို့ သိရပါတယ်။
အဲ့ဒီဖြစ်စဉ်နဲ့ပတ်သက်ပြီး CDF မတူပီကလည်း သတင်းထုတ်ပြန်ထားပြီး မိုင်းထိသေဆုံးသူဟာ အကြမ်း ဖက်စစ် တပ်က ထောင်ခဲ့တဲ့မိုင်းကို နင်းမိတာဖြစ်တယ်လို့ ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ် ။အဲ့ဒီအချက် ကိုတော့ DNA အနေနဲ့ သီးခြားအတည်မပြုနိုင်ပါဘူး။
“အဲ့ဒီနေရာက ကျွန်တော်တို့ထိန်းချုပ်တဲ့နေရာမဟုတ်ဘူး၊ အဲ့ဒီနေရာတွေမှာ စစ်တပ်ကမိုင်းထောင်ထား တယ်ဆို တာ၊ CDM ဝင်လာသူတွေက တဆင့်သိ ထား တဲ့အတွက် စစ်ကောင်စီက ထောင်တဲ့မိုင်းဖြစ်တယ်လို့ ထုတ်ပြန် တာပါ”လို့ CDF မတူပီ တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။