ကလေးမြို့ပင်မသပိတ်အင်အားစုနဲ့ ကလေးတက္ကသိုလ်ကျောင်းသားများသမဂ္ဂ(ကလ.တ.က.သ)တို့ပူးပေါင်းပြီး ဒီကနေ့ အောက်တိုဘာ(၁၀)ရက် ညပိုင်းက ကလေးမြို့မှာ ” ၅/ မြစ်သာဆီမီးသပိတ်” ပုံဖော်ထွန်းညှိပြီး စစ်အာ ဏာရှင်ကို ဆန့်ကျင်ဆန္ဒပြခဲ့ကြပါတယ်။
“သီတင်းကျွတ်မှာ အပျော်သွားလာကြတဲ့လူတွေက နည်းနည်းလေးပါ၊ ပြည်သူအများစုက အမှန်တရားဘက် မှာ ရှိတယ်” လို့ သပိတ်မှာပါဝင်သူတစ်ဦးကပြောပါတယ်။
ကလေးမြို့နယ် မြစ်သာမြစ်ဝှမ်းကပြည်သူတွေနဲ့အတူ ပူးပေါင်းလုပ်ဆောင်တဲ့ဖြစ်အတွက် “၅/ ဆီမီးသပိတ်” လို့ အမည်ပေးရခြင်းဖြစ်တယ်လို့ ဆိုပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ မနေ့က သီတင်းကျွတ်လပြည့်နေ့ကလည်း ပြည်သူတွေနဲ့အတူ ဆီမီးသပိတ်ပြု လုပ်ခဲ့ ပါသေးတယ်။ ကလေးမြို့ပင်မသပိတ်အားစုဟာ စစ်အာဏာရှင်အာဏာရှင်ကို ပျက်ရက်မရှိဆန့်ကျင်ဆ န္ဒပြလာ (၆၁၁) ရက်ရှိပြီဖြစ်ပါတယ်။