စစ်အာဏာရှင်စနစ်ကိုဆန့်ကျင်ကြောင်းပျက်ရက်မရှိ ကန့်ကွက် ဆန္ဒပြနေတဲ့ ကလေးမြို့ပင်မသပိတ် စစ်ကြောင်း ကို ဒီကနေ့ အောက်တိုဘာ(၅)ရက်မှာ ကလေးတက္ကသိုလ်ကျောင်းသားများ သမဂ္ဂ အဖွဲ့ဝင်တွေလည်း ပူးပေါင်း ပါဝင် ဆန္ဒပြခဲ့ကြပါတယ်။
ဒီကနေ့သပိတ်မှာ စစ်အာဏာရှင်ဆန့်ကျင်ရေး ဟောပြောပွဲတွေလည်း ပါဝင်ခဲ့ပြီး မြို့ခံပြည်သူတွေနဲ့ ကျောင်းသား လူငယ်တွေ တက်ရောက်ပါဝင်ခဲ့ကြတယ်လို့သိရပါတယ်။
“ပညာရေးနဲ့ပတ်သက်တာတွေ၊ ကျောင်းသားလှုပ်ရှားမှုသမိုင်းတွေ ဟောပြောခဲ့ကြတယ်”လို့ သပိတ်အဖွဲ့ဝင် တစ်ဦးကပြောပါတယ်။
ကလေးမြို့ ပင်မသပိတ်အင်အားစုနဲ့ ကျောင်းသားလူငယ်တွေဟာ အောက်တိုဘာ (၄) ရက် မနေ့ကလည်း ” ၅၀၀၀ စားမဟုတ်တဲ့ ၅/ တွေ” ဆိုတဲ့ စာတန်းကိုင်ဆောင်ပြီး စစ်အာဏာရှင်ကို ဆန့်ကျင်သပိတ် မှောက်ဆန္ဒပြခဲ့ ကြပါတယ်။
ကလေးမြို့ပင်မသပိတ်ဟာ စစ်အာဏာရှင်စနစ်ကို ပျက်ရက်မရှိသပိတ်မှောက် ဆန္ဒပြလာတာ ရက်ပေါင်း(၆၀၆) ရက်ရှိပြီဖြစ်ပါတယ်။