ဒေါ်အောင်ဆန်းစုကြည်ကို စစ်ကောင်စီက ထောင်သုံးနှစ်ထပ်ချ၊ စုစုပေါင်း ထောင်ဒဏ် နစ်ဆယ့်နှစ်နှစ်အထိရှိလာ

Photo – Reuters

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည် နဲ့ စီးပွားရေး အကြံပေးမစ္စတာရှောင်တာနယ် အပါအဝင် ငါးဦးကို စစ်ကောင်စီက ဒီကနေ့ ထောင်သုံးနှစ် ထပ်ချလိုက်ပါတယ်။

မြန်မာနိုင်ငံ အစိုးရလျှို့ဝှက်ချက်များအက်ဥပဒေ ပုဒ်မ ၃ (၁)၊ (ဂ)၊ နဲ့ တရားစွဲဆိုထားတဲ့ အမှုအတွက် နေပြည် တော်အချုပ်ထောင်အတွင်း အထူးတရားရုံးက စွပ်စွဲခံရသူ အားလုံးကို ထောင်ဒဏ် သုံးနှစ် ချမှတ်လိုက်တာ ဖြစ်တယ်လို့ တရားရုံးနဲ့ နီးစပ်သူတဦးကပြောပါတယ်။

စစ်ကောင်စီဟာ NLD အစိုးရရဲံ နိုင်ငံတော် စီးပွားရေးအကြံပေးဖြစ်သူ မစ္စတာရှောင်တာနယ်ကို ဖမ်းဆီး ချိန်မှာ သူရဲ့ လပ်တော့ပ် ကွန်ပျူတာအတွင်း တွေ့ရှိတဲ့ စာရွက်စာတမ်းတွေကြောင့် ဒေါ်အောင်ဆန်းစုကြည် အပါ အဝင် ငါးဦးကို မြန်မာနိုင်ငံအစိုးရလျှို့ဝှက်ချက်များ အက်ဥပဒေနဲ့ တရားစွဲဆိုထားအမှုကို ဒီကနေ့ အမိန့်ချမှတ် လိုက်တာဖြစ်ပါတယ်။

အဲ့ဒီအမှုအတွက် တရားစွဲဆိုခံထားရသူတွေထဲမှာ မစ္စတာ ရှောင်တာနယ်ကိုယ်တိုင်နဲ့ ဒေါ်အောင်ဆန်းစုကြည် တို့အပြင် စီမံ၊ဘဏ္ဍာဝန်ကြီးဟောင်းတွေဖြစ်တဲ့ ဦးကျော်ဝင်း ဦးစိုးဝင်း နဲ့ ဒုဝန်ကြီး ဦးဆက်အောင်တို့ ပါဝင်ပါတယ်။

စစ်တပ်က အာဏာသိမ်းပြီးနောက် နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဒေါ်အောင်ဆန်းစုကြည်ကို အမှုပေါင်း ၁၉ မှုအထိ ဖွင့်လှစ် တရားစွဲဆိုခဲ့ပြီးနောက် ဒီကနေ့ ချမှတ်တဲ့ ပြစ်ဒဏ်အပါအဝင် အမှုပေါင်း ၁၄ မှုအတွက် ထောင်ဒဏ် ၂၂ နှစ် အထိ ချမှတ်ခဲ့ပြီးပါပြီ။