 Photo Nway Oo Guerrilla Force
Photo Nway Oo Guerrilla Force
 
 
တနင်္သာရီတိုင်း၊ ထားဝယ်-ထီးခီးလမ်းပိုင်းမှာ စစ်ကောင်စီစစ်ကြောင်းကို ကော်သူးလေတပ်မတော် KLA နဲ့ပူးပေါင်းအဖွဲ့က ကြားဖြတ်တိုက်ခိုက်လို့ ဒုတပ်ရင်းမှူးတဦးအပါအဝင် (၁၂) ဦး သေဆုံးခဲ့တယ်လို့ Nway Oo Guerrilla Force (နွေဦး ပြောက်ကျားတပ်) ပြန်ကြားရေးတာဝန်ခံက DNA ကို ပြောပါတယ်။
 
ထားဝယ်-ထီးခီးလမ်းပိုင်းက ကော်သူးလေ တပ်မတော်၊ ဆာကဆောတပ်မဟာ တပ်ရင်း (၁) နယ်မြေထဲ ရိက္ခာပို့လာတဲ့ စစ်ကောင်စီစစ်ကြောင်းကို ဗိုလ်ကော်လော ဦးဆောင်တဲ့ ကော်သူးလေတပ်မတော် (KTLA)/ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်) မဟာမိတ်ပူးပေါင်းအဖွဲ့တို့က စက်တင်ဘာ (၆) ရက် မနေ့က နေ့လယ်ပိုင်းမှာ တိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။
 
တိုက်ပွဲအတွင်း စစ်ကောင်စီဖက်က ဒုတပ်ရင်းမှူး တစ်ဦးအပါအဝင် (၁၂) ဦးသေဆုံးပြီး အများအပြားထိခိုက်ဒဏ်ရာရရှိခဲ့တဲ့အပြင် လက်နက်ခဲယမ်းတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတချို့ သိမ်းဆည်းရမိခဲ့တယ်လို့ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်) ရဲ့ပြန်ကြားရေးတာဝန်ခံက ပြောပါတယ်။
 
အဲ့ဒီတိုက်ပွဲမှာပူးပေါင်းအဖွဲ့ဘက်ကတော့ အထိအခိုက်မရှိဘဲ ပြန်လည်ဆုတ်ခွာနိုင်ခဲ့တယ်လို့လည်း ဆိုပါတယ်။
 
“အခုလောလောဆယ်ထိ စကစတွေဘက်က လက်နက်ကြီးတွေ ရမ်းသမ်းပစ်ခတ်နေတုန်းပဲ” လို့ Nway Oo Guerrilla Force (နွေဦးပြောက်ကျားတပ်) ရဲ့ ပြန်ကြားရေးတာဝန်ခံက ဒီနေ့ညနေပိုင်းမှာ ပြောပါတယ်။