လကမ္ဘာပေါ်လွှတ်တင်မယ့် Artemis I မစ်ရှင် ဒုတိယအကြိမ် ကြိုးပမ်းမှုကို နာဆာရပ်ဆိုင်း 

Photo – Reuters

လကမ္ဘာပေါ် ကို စေလွှတ်မယ့် Artemis I အစီအစဉ်အတွက် ဒုတိယကြိမ်မြောက်ကြိုးပမ်းမှုကို ရပ်နားထားလိုက်ပြီလို့ အမေရိကန် အာကာသအေဂျင်စီ နာဆာက ထုတ်ပြန်လိုက်ပါတယ်။

Artemis I မစ်ရှင်ဟာ Orion အာကာသယာဉ်ပါဝင်တဲ့ နာဆာရဲ့ အာကာသစူးစမ်းလေ့လာရေးစနစ်တွေအနက် ပထမဆုံး ပူးပေါင်းစမ်းသပ်မှုတခုလည်း ဖြစ်ပါတယ်။ 

Orion အာကာသယာဉ်ကတော့ အာကာသကို ဒုံးပျံစေလွှတ်ပြီး အမေရိကန်နိုင်ငံ ၊ ဖလော်ရီဒါအခြေစိုက် နာဆာရဲ့ အာကာသစင်တာနဲ့ မြေပြင်စခန်းနဲ့ ချိတ်ဆက်ဖို့ လုပ်ထားတာပါ။

ဩဂုတ်လ ၂၉ရက်နေ့မှ ပထမဆုံးအကြိမ် လွှတ်တင်ဖို့ စီစဉ်ထားပေမယ့် အင်ဂျင်ပိုင်းဆိုင်ရာ ပြဿနာကြောင့် ရပ်နားလိုက်ရပြီး  စက်တင်ဘာ ၃ရက် ဒုတိယအကြိမ် လွှတ်တင်ဖို့ ပြင်ဆင်ရာမှာတော့ ဒုံးပျံယာဉ် လောင်စာဆီ လွှဲပြောင်းနေချိန် ဆီယိုစိမ့်လို့ ရပ်ဆိုင်းခဲ့ရတယ်လို့ နာဆာရဲ့ တွစ်တာစာမျက်နှာမှာရေးသားခဲ့ပါတယ်။

အဖွဲ့သားတွေအနေနဲ့ ဆီယိုစိမ့်မှုကို ပြင်ဆင်ဖို့ ကြိုးစားခဲ့ပေမယ့် မအောင်မြင်ခဲ့ဘူးလို့လည်း ဆက်ပြောထားပါတယ်။ 

Artemis I မစ်ရှင်ဟာ လကမ္ဘာအနီးကို လူမဲ့အာကာသယာဉ်တွေ စမ်းသပ်လွှတ်တင်ဖို့ ပြင်ဆင်နေတာဖြစ်ပြီး နောက်ပိုင်းမှာ အာကာသာယာဉ်မှူးတွေပါ လိုက်ပါနိုင်ဖို့ ဖြစ်တယ်လို့ သိရပါတယ်။ 

အနာဂတ်မှာ လူလိုက်ပါနိုင်တဲ့ လူကမ္ဘာခရီးစဉ်တွေက နာဆာရဲ့ Artemis လကမ္ဘာအစီအစဉ်ရဲ့ တစိတ်တပိုင်းလည်း ဖြစ်ပါတယ်။