အမျိုးဘာသာ ကာကွယ်စောင့်ရှောက်ရေး ဥပဒေတွေနဲ့ ၁၉၈၂ နိုင်ငံသားဥပဒတွေအပါအဝင် လူမျိုးရေး ခွဲခြားဆက်ဆံတဲ့ ဥပဒေတွေကို ပြင်ဆင်ရေးဆွဲဖို့နဲ့ ဖျက်ရန်သိမ်းဖို့အတွက် ပြည်ထောင်စုလွှတ်တော် ကိုယ်စားပြုကော်မတီ (CRPH) က လုပ်ဆောင်သွားမယ်လို့ လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက မနေ့က ဇူလိုင်လ ၉ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။
လူဦးရေတိုးပွားနှုန်း ထိန်းညှိခြင်းဆိုင်ရာ ကျန်းမာရေးစောင့်ရှောက်မှုဥပဒေ၊ ကိုးကွယ်ရာ ဘာသာကူးပြောင်းခြင်းဆိုင်ရာဥပဒေ၊ မြန်မာဗုဒ္ဓဘာသာဝင်မိန်းမတွေ အထူးထိမ်းမြားခြင်းဆိုင်ရာဥပဒေနဲ့ တစ်လင်တစ်မယားစနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒေတို့ဖြစ်ပါတယ်။
အဲဒီဥပဒေတွေကို တစ်လင်တစ်မယား စနစ် ကျင့်သုံးခြင်းဆိုင်ရာဥပဒအရ အိမ်ထောင်ရှင် အမျိုးသားမှန်းမသိဘဲ ပေါင်းသင်းမိရင် အမျိုးသမီးပါ အရေးယူခံရသည့် အခြေအနေမျိုးဖြစ်နေတာပါ။
အဆိုပါမျိုးစောင့်ဥပဒေတွေအပြင် ၁၉၈၂ နိုင်ငံသားဥပဒေဟာ ရိုဟင်ဂျာတွေနဲ့ လူနည်းစုတိုင်းရင်းသား တွေကို နိုင်ငံမဲ့စေတဲ့ အခြေအနေကို တွန်းပို့နေတဲ့ အခြေခံအကြောင်းတစ်ခုဖြစ်ကြောင်း ထည့်သွင်း ဖော်ပြထားပါတယ်။
အဆိုပါဥပဒေကို ပြင်ဆင်ရေးဆွဲရန်သို့မဟုတ် ဖျက်သိမ်းရန် လိုအပ်သည့်အဆင့်တွေကို ဆက်လက် လုပ်ဆောင်သွားမယ်လို့ NUG လူအခွင့်အရေးဆိုင်ရာဝန်ကြီးဌာနက ထုတ်ပြန်လိုက်တာပါ။
ဥရောပသမဂ္ဂက စစ်တပ်အာဏာသိမ်းပြီးနောက်အကျိုးဆက်အနေဖြင့် ရိုဟင်ဂျာတွေနဲ့ အခြားလူနည်းစုတွေ အပါအဝင် မြန်မာနိုင်ငံအတွင်း လူ့အခွင့်အရေးအခြေအနေတွေ ပိုမိုဆိုးရွာလာတဲ့ အချက်ကိုလည်း NUG အနေနဲ့ ထောက်ခံကြောင်း ဆိုပါတယ်။