ဂျပန်ဝန်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေး သေနတ်နဲ့ ပစ်ခတ်ခံရ

Photo- Reuters

ဂျပန်၀န်ကြီးချုပ်ဟောင်း ရှင်ဇိုအာဘေးဟာ   ဒီနေ့ ဇူလိုင် ၈ ရက်မနက်ပိုင်းက ဂျပန်နိုင်ငံ၊ နာရာမြို့မှာ ပြုလုပ်တဲ့ အခမ်းအနားနခုမှာ မိန့်ခွန်းပြောနေစဥ် ရင်ဘတ်ကို သေနတ်နဲ့ပစ်ခတ်ခံရတယ်လို့  ဂျပန်သတင်းဌာန NHK က ဖော်ပြပါတယ်။ 

လက်ရှိမှာတော့ ဝန်ကြီးချုပ်ဟောင်းဟာ သတိလစ်နေပြီး ဆေးရုံကို ပို့ဆောင်ထားတယ်လို့ သိရပါတယ်။ 

အသက် ၆၇နှစ်အရွယ် ရှင်ဇိုအာဘေးဟာ ရင်ဘတ်ကို သေနတ်ထိမှန်ထားပြီး အခင်းဖြစ်တဲ့အနီးမှာ အမျိုးသားတဦးကို ဖမ်းဆီးထားပါတယ်။ 

အာဘေး မိန့်ခွန်းပြောကြားနေစဉ်အတွင်း ပစ်ခတ်သံနှစ်ချက်ကြားခဲ့ရတယ်လို့  အခင်းဖြစ်ပွားရာနေရာရှိ NHK သတင်းထောက်တစ်ဦးက ပြောပါတယ်။ 

အာဘေးဟာ ဝန်ကြီးချုပ်သက်တမ်းနှစ်ကြိမ် ဆက်တိုက်တာဝန်ထမ်းဆောင်ပြီးနောက် ကျန်းမာရေးအခြေအနေကြောင့် ၂၀၂၀ ခုနှစ်မှာ ရာထူးက အနားယူခဲ့တာပါ။ 

ဒီကနေ့ သေနတ်နဲ့ ပစ်ခတ်တဲ့ ဖြစ်စဉ်မှာတော့ ဘာကြောင့် အခုလို လုပ်ရသလဲဆိုတာ တိတိကျကျ မသိရသေးပါဘူး။