ရန်ကုန်-မန္တလေး အမြန်လမ်းမှာ ပိတ်ဆို့စစ်ဆေး

ဒီနေ့မနက် ၁၀ နာရီက စပြီး ရန်ကုန်-မန္တလေး အမြန်လမ်း ၄၁ မိုင်စစ်ဆေးရေးဂိတ်ကနေ ကားပေါ်မှာ ပါတဲ့လူတိုင်းကို မှတ်ပုံတင် စစ်ဆေးနေတဲ့အတွက် ကားတွေရပ်စောင့်နေရတယ်လို့ ယဉ်လိုင်းတခုက တာဝန်ရှိသူတဦးက DNA ကိုပြောပါတယ်။
“မနက် ၈ နာရီထွက်တဲ့ ကားတောင် ၁၁၅ မိုင်တိုးဂိတ်ကို မဖြတ်ရသေးဘူး ၊ သူနောက်ထွက်တဲ့ ကားတွေကတော့ ၇၆ မိုင် မှာ ထမင်းစားနားရင်း စောင့်နေကြရတယ် ၊ ကားပေါ်ပါသမျှ တယောက်ချင်း မှတ်ပုံတင် စစ်နေတာ ၊ ကားတွေက စက်ရပ်ထားလို့လည်း မရတော့ ဆီကုန်တယ်”လို့ ပြောပါတယ်။
အခုလို စစ်ဆေးနေတဲ့အတွက် ရပ်စောင့်နေတဲ့ ကားတန်းဟာ ၄၁ မိုင် တိုးဂိတ်ကနေ ရန်ကုန်ဖက် ၃၈ မိုင်ကျော်အထိ ရှိနေတယ်လို့ သိရပါတယ် ။မန္တလေးဘက်ကလာတဲ့ ယဉ်တွေကိုလည်း ၁၁၅ မိုင်ကနေ ပိတ်ထားတယ်လို့ သိရပါတယ်။