တနင်္သာတိုင်း၊ ရေဖြူမြို့နယ်အတွင်း စစ်တပ်၊ ရဲနဲ့ ဒလန်တွေကို လိုင်းကြေးပေးပြီး မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကား သုံးစွဲမှုနဲ့ လောင်းကစားဝိုင်းတွေကို တွင်တွင်ကျယ်ကျယ် လုပ်ဆောင်နေကြကြောင်း ရေဖြူမြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့က ဒီကနေ့ ထုတ်ပြန်ပါတယ်။
မူးယစ်ဆေးဝါးနဲ့လောင်းကစားပြုလုပ်ခြင်းတွေကြောင့် ခိုးဆိုးလုယက်၊ ဓားမြတိုက်မှုတွေတစ်နေ့တခြား ပိုမိုဖြစ်ပွားလာကြောင်းလည်းဆိုပါတယ်။
ဒါ့အပြင် မူးယစ်ဆေးဝါးဂိုဏ်းတွေဟာ PDF တွေနဲ့ ဆက်စပ်နေပြီး တော်လှန်ရေးကို ထောက်ပံ့ပေးနေတယ်လို့ စစ်အုပ်စုက ပြည်သူတွေအကြား သတင်းဖြန့်နေတာတွေလည်းရှိကြောင်းသိရပါတယ်။
‘မူးယစ်ဆေးနဲ့လောင်းကစားကတော့ ရေဖြူမှမဟုတ်ဘူး။ထားဝယ်မှာရောတစ်နိုင်ငံလုံးမှာရော အဲဒီလိုပါပဲ။စစ်တပ်နဲ့ရဲက ပိုက်ဆံလည်းရတယ်။လူငယ်တွေ တော်လှန်ရေးဘက်ဦးမလှည့်နိုင်ဘူးဆိုတဲ့ တစ်ချက်ခုတ်နှစ်ချက်ပြတ် လုပ်ကြတာ’လို့ ထားဝယ်မြို့၊မြောက်ရွာရပ်နေပြည်သူတစ်ဦးကပြောပါတယ်။
ရေဖြူမြို့နယ် ပကဖနဲ့ ကပဖ-ရေဖြူ တို့ရဲ့ တပ်ရင်း တပ်စုတွေဟာ မူးယစ်ဆေးဝါရောင်းဝယ်ဖောက်ကားမှုနဲ့ လုံးဝမသက်ဆိုင်မှုမရှိသလို မူးယစ်ဆေးဝါး ရောင်းဝယ်ဖောက်ကားသုံးစွဲသူတွေကို ပြင်းထန်စွာ အရေးယူသွားမယ်လို့လည်း ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။