စစ်အုပ်စုက လွတ်လပ်ပြီး တရားမျှတတဲ့ ရွေးကောက်ပွဲကျင်းပပေးမယ်လို့ဆိုတာဟာ ရယ်စရာပြောဆိုချက်ဖြစ်တယ်လို့ မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအထူးကိုယ်စားလှယ် Tom Andrews က ပြောပါတယ်။
မလေးရှားနိုင်ငံ ကွာလာလမ်ပူမြို့မှာ ရောက်ရှိနေတဲ့ Tom Andrews က ဇွန်၂၃ရက်နေ့မှာ အဲဒီလိုပြောကြားခဲ့ကြောင်း AP သတင်းက ဖော်ပြထားပါတယ်။
စစ်အုပ်စုဟာ အာဏာသိမ်းပြီးနောက် သူတို့တရား၀င်ဖြစ်အောင် ပုံဖော်ကြိုးစားနေတာဖြစ်ပြီး အတိုက်အခံကို ချုပ်ထားကာ အတိုက်အခံတွေကို သေဒဏ်ပေးပြီး လွတ်လပ်တရားမျှတတဲ့ ရွေးကောက်ပွဲပါလို့ပြောနေတာဟာ ယုတ္တိမတန်တဲ့ ရမ်းကားမှုဖြစ်တယ်လို့ ပြောပါတယ်။
စစ်အုပ်စုဟာ သူတို့တရား၀င်မှုအတွက် အပတ်တကုတ် ကြိုးစားနေပြီး နိုင်ငံတကာအနေနဲ့ သူတို့ထောင်ချောက်ထဲ မသက်ဆင်းအောင် သတိပြုရမှာဖြစ်တယ်လို့ သတိပေးခဲ့ပါတယ်။
အမျိုးသားညီညွတ်ရေးအစိုးရ (NUG) နဲ့ ထိတွေ့မှုရှိတဲ့ မလေးရှားနိုင်ငံကို Tom Andrews က ချီးကျူးလိုက်ပြီး တခြားနိုင်ငံတွေလည်း မလေးရှားနိုင်ငံလို ဆောင်ရွက်ကြဖို့ တိုက်တွန်းပါတယ်။