စစ်ကိုင်းတိုင်း၊ ကသာမြို့နယ်အတွင်း တိုက်ပွဲ၂နေရာဖြစ်ပွားခဲ့ရာ အကြမ်းဖက်စစ်သား၄၀ထက်မနည်း သေဆုံခဲ့ကြောင်း သိရပါတယ်။
ဇွန်လ၁၇ရက်နေ့မှာ ကသာမြို့နယ်အရှေ့ဘက်ကမ်း အင်းရွာတိုက်နယ်၊ခြောက်မျက်နှာ၊အင်းကြီးလမ်း (၁၇)ကွက်အနီး ထိတွေ့မှုတစ် ကြိမ် ၊၁၄ ကျောက်တောင်အနီး စစ်သားတွေမိုင်းနှစ်လုံးမိမှု တစ် ကြိမ် နဲ့ညနေခင်းမှာ စစ်တပ်က လက်နက်ကြီးနဲ့ပစ်ခတ်မှု တစ်ကြိမ် ဖြစ်ပွားခဲ့ကြောင်း ကသာပကဖ ကထုတ်ပြန်ပါတယ်။
အဲဒီတိုက်ခိုက်မှုကို ကသာခရိုင်PDFရင်း-(၃)နဲ့ ဒေသခံ ပကဖ ပူးပေါင်းတပ်တို့က တိုက်ခိုက် ခဲ့ ခြင်း ဖြစ် ပြီး စစ်သား၂၀ထက်မနည်းသေကာ ပကဖ ရဲဘော်တစ်ဉီး ကျဆုံးခဲ့ကြောင်း သိရပါတယ်။
ဇွန်လ၁၇ရက်နေ့မှာပဲ ကသာမြို့အနီး၊ ကားကြီးကွင်းအနောက်ဘက်၊ ငါးကန်အနီးထမင်းထိုင်စားနေတဲ့ စစ်သား (၆၀)လောက်ကို မွန်းလွဲ ၂နာရီလောက်မှာ ကသာ ပကဖနဲ့ ABSDF ပူးပေါင်းပြောက်ကျားတပ်ဖွဲ့က ထောက်တွဲ အလုံး၂၀၊ ပန်းထိန်၅လုံးတို့နဲ့ အလစ်အငိုက်မှာ ဝင်ရောက်ပစ်ခတ်ခဲ့ကြောင်းသိရပါတယ်။
ညနေ(၄)နာရီလောက်မှာ ကန်တာ ကားတစ်စီးအပြည့် လူနာတွေကိုလာသယ်သွားပြီးဆေးရုံပို့ဆောင်ခဲ့ကာ စစ်သား၂၀ထက်မနည်းသေဆုံးခဲ့ကြောင်းပြည်သူတွေက သတင်းပေးပို့ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။
‘အင်းရွာတိုက်နယ်ကတိုက်ပွဲအထိအခိုက်ကိုတော့သေချာမသိဘူး။ညနေဘက်စစ်ခွေးတွေခံလိုက်ရတာက တော့ ဆေးရုံပို့တဲ့စစ်သားတွေ မနည်းဘူး။သေတာ၂၀တောင်မကဘူးလို့ မြို့ပေါ်မှာ ဆေးရုံနဲ့နီးစပ်တဲ့လူတွေ ပြောကြတယ်’လို့ ကသာမြို့၊ရပ်ကွက်၅နေ ပြည်သူတစ်ဦးကပြောပါတယ်။