၈ရက်တာစနိုက်ပါစစ်ဆင်ရေး အကြမ်းဖက်စစ်သား၃၅ဦးသေ

၈ရက်တာအတွင်းအလယ်ပိုင်းတိုင်းအထူးစစ်ဆင်ရေးစနိုက်ပါအဖွဲ့က အကြမ်းဖက်စစ်သား ၃၅ဦးကို ပစ်ခတ်ရှင်းလင်းနိုင်ခဲ့ကြောင်းသိရပါတယ်။
ရှမ်းပြည်နယ်၊ ဖယ်ခုံမြို့နယ်၊ ဖယ်ခုံအရှေ့ဘက်ကမ်းနဲ့ဖရူဆိုမြို့နယ်တို့မှာ အလယ်ပိုင်းတိုင်းအထူးစစ်ဆင်းရေးစနိုက်ပါအဖွဲ့က ပစ်ခတ်ရှင်းလင်းခဲ့ခြင်းဖြစ်ကြောင်း အလယ်ပိုင်းတိုင်း အထူးစစ်ဆင်ရေးအဖွဲ့က ဒီကနေ့ထုတ်ပြန်ပါတယ်။
ဇွန်လ ၁၁ရက်နဲ့ ၁၂ရက်နေ့တို့မှာဖရူဆိုမြို့နယ် ဒေါညေခူကျေးရွာရောက်နေတဲ့စစ်ကြောင်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာ စစ်သား ၇ဉီးကိုသုတ်သင် နိုင်ခဲ့ပါတယ်။
ဇွန်လ၁၀ရက်နေ့မှာလဟယ်ကျေးရွာနဲ့လွယ်မကူးတောင်က ရန်သူစခန်းတွေကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ စစ်သား၈ဦးသေဆုံးခဲ့ကာ ဇွန်၇ရက်နေ့မှာဆီမီးလောရှိကင်းစခန်းကို တတိယအကြိမ်စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ ၆ဦးသေဆုံးခဲ့ကြောင်း ထုတ်ပြန်ပါတယ်။
မေလ၂၂ရက်နေ့ကလည်းလွယ်ပေါတောင်ခြေကရန်သူစခန်းကို စနိုက်ပါနဲ့ ပစ်ခတ်တိုက်ခိုက်ခဲ့ရာစစ်သားတစ်ဦးသေဆုံးခဲ့သလို မေလ၂၁ရက်ကဆီမီးလော ရှိ ကင်းစခန်းကို စနိုက်ပါနဲ့ ပစ်ခတ်ခဲ့ရာ ၄ဦးသေဆုံးခဲ့တယ်လို့သိရပါတယ်။
မေ၂၀ရက်နေ့ကလွယ်ပေါ်စေတီတောင်ပေါ်တပ်စွဲထားတဲ့ ရန်သူစခန်းကို စနိုက်ပါနဲ့ပစ်ခတ်ခဲ့ရာ ၆ဦးသေဆုံးခဲ့ပြီးဆီမီးလော ရှိ ကင်းစခန်းကိုစနိုက်ပါအဖွဲ့က ပစ်ခတ်ခဲ့ရာ ၃ဦးသေဆုံးခဲ့ကြောင်းထုတ်ပြန်ထားပါတယ်။စနိုက်ပါစစ်ဆင်ရေးကို ဒေသခံညီနောင်မဟာမိတ်အဖွဲ့တွေနဲ့ ပူးပေါင်းတိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်းသိရပါတယ်။