ဂွါတီမာလာနိုင်ငံမှာ မေလအစောပိုင်းကတည်းက မိုးသည်းထန်စွာရွာသွန်းပြီး ဒါဇင်နဲ့ချီတဲ့ မြေပြိုမှုတွေ ကြောင့် အနည်းဆုံးလူ ၁၅ဦး သေဆုံးပြီး လူပေါင်း ၅သိန်းကျော် ထိခိုက်ခဲ့တယ်လို့ တာဝန်ရှိသူတွေက ဇွန်လ ၁၃ရက်နေ့မှာ ပြောပါတယ်။
သေဆုံးသူ ၁၅ဦးမှာ အမျိုးသမီးတစ်ဦးနဲ့ သူ့ရဲ့ကလေးခြောက်ဦးအပြင် တိုင်းရင်းသားကျေးရွာနှစ်ရွာက အရွယ်မရောက်သေးတဲ့ ညီအစ်ကို သုံးဦးလည်း ပါဝင်တယ်လို့ အာဏာပိုင်တွေက ပြောပါတယ်။
လေပြင်းတိုက်ခတ်မှုတွေနဲ့အတူ မိုးရွာသွန်းမှုတွေကြောင့် နေရာအနှံ့အပြားမှာ မြေပြိုတာ၊ ရေကြီးတာနဲ့ အဆောက်အအုံပြိုကျတာတွေ ဖြစ်ပေါ်ခဲ့ပါတယ်။
ဒါ့အပြင် ဆိုးရွားတဲ့ရာသီဥတုအခြေအနေကြောင့် အိမ်ခြေ ၉၃၀ အပြင် စာသင်ကျောင်း ၈ ကျောင်း၊ တံတား ၇ စင်းနဲ့ လမ်း ၈၀ ကျော် ပျက်စီးခဲ့တယ်လို့ ဆိုပါတယ်။
ဂွါတီမာလာလူဦးရေ ၁၇ သန်းရဲ့၆၀ ရာခိုင်နှုန်းနီးပါးဟာ ဆင်းရဲနွမ်းပါးမှုဒဏ်ခံစားနေရပြီး ပြီးခဲ့တဲ့နှစ်ကလည်း မိုးသည်းသည်းမည်းမည်းရွာပြီး ရေကြီးရေလျှံလို့ လူ ၃၅ ဦး သေဆုံးခဲ့တယ်လို့ သိရပါတယ်။