မြိတ်အထက်တန်းကျောင်းအနီး မိုင်းနှစ်လုံးဖောက်ခွဲမှု စစ်အုပ်စုလက်ချက်ဖြစ်ကြောင်း ပကဖ ထုတ်ပြန်

တနင်္သာရီတိုင်း၊ မြိတ်မြို့အထက်တန်းကျောင်းအနီး မိုင်း၂လုံးဖောက်ခွဲမှုမှာ အကြမ်းဖက်စစ်အုပ်စုရဲ့လက်ချက် ဖြစ်တယ်လို့ မြိတ်ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ)ကပြောပါတယ်။
မြိတ်မြို့နယ်၊မြိတ်တောင်နယ်မြေ၊မြို့သစ်ရပ်အထက(၇)အထက်တန်းကျောင်းအနောက်ဘက်၊မြို့သစ်ဈေးအနီးမှာအကြမ်းဖက်စစ်အုပ်စုကမေလ၂၆ရက်နေ့၊ည၆နာရီခွဲနဲ့မေလ၂၇ရက်နေ့၊နံနက်၉နာရီခွဲမှာမိုင်းနှစ်လုံးဖောက်ခွဲခဲ့ကြောင်းမြိတ်ပကဖက မနေ့ညက ထုတ်ပြန်ပါတယ်။
အဲဒီလို မိုင်းခွဲတာဟာ မြိတ်တော်လှန်ရေးအင်အားစုတွေနဲ့ ပြည်သူတွေကြားအထင်အမြင်လွဲမှားအောင်ပုံဖျက်တိုက်ခိုက်မှုဖြစ်ပြီး ပြင်းထန်စွာကန့်ကွက်ချရှုတ်ချကြောင်း ထုတ်ပြန်ပါတယ်။