စစ်ကိုင်းတိုင်း စစ်ကိုင်း-မုံရွာ ကားလမ်းမ မြင်းမူမြို့နယ် နဘဲကြူးကွေအကျော်မှာ အကြမ်းဖက်စစ်အုပ်စုရဲ့ ထောက်ပို့ကားတစ်စီး မိုင်းဆွဲခံရပြီး တစ်ဦး သေဆုံးသွားခဲ့တယ်လို့ ထုတ်ပြန်ချက်တွေအရ သိရပါတယ်။
မနေ့က မေလ ၁၉ ရက်နေ့ ည ၉ နာရီခန့်မှာ စစ်ကိုင်း-မုံရွာကားလမ်း နဘဲကြူးကွေ့အကျော်မှာ စစ်အုပ်စုရဲ့ ထောက်ပို့ကား ၃ စီးကို MNRF (Moe Nyo Revolution Force)၊ Pantagram (ငါးထောင့်ကြယ်) နဲ့ People Revolution Force (PRF) တို့ ပူးပေါင်းပြီး မိုင်းဆွဲတိုက်ခိုက်ခဲ့တာဖြစ်တယ်လို့ စစ်ကိုင်းမြို့နယ် သတင်းမှန်က ထုတ်ပြန်ထားပါတယ်။
မိုင်းဆွဲတိုက်ခိုက်မှုကြောင့် စစ်အုပ်စုရဲ့ ကားကြီးတစ်စီး ပျက်စီးသွားပြီး တပ်သား ၁ ဦး သေဆုံးသွားခဲ့တယ်လို့ သိရပါတယ်။