မရမ်းကုန်း (၃) ရပ်ကွက်ရုံး အပစ်ခံရပြီး ရာအိမ်မှူးတစ်ဦးသေ

ရန်ကုန်မြို့ မရမ်းကုန်းမြို့နယ် ကျိုက်ဝိုင်းဘုရားလမ်းမှာရှိတဲ့ အကြမ်းဖက်စစ်အုပ်စု လက်အောက်ခံ အမှတ် (၃) ရပ်ကွက်ရုံးကို အမည်မသိ သေနတ်သမား ၂ ဦး ဝင်ရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီနေ့ မေလ ၁၁ ရက်နေ့ မနက် ၁၀ နာရီခန့်မှာ ဝင်ရောက်ပစ်ခတ်ခဲ့တာဖြစ်ပြီး ပစ်ခတ်မှုကြောင့် ရာအိမ်မှူး ဒေါ်ကြည်ခိုင်ဝင်း သေဆုံးသွားကာ ရပ်ကွက်အုပ်ချုပ်ရေးမှူး ဦးနေဝင်းနဲ့ အရန်မီးသတ်တပ်ဖွဲ့ဝင် ဦးမြသန်းတို့ ကျည်ထိမှန် ဒဏ်ရာတွေ ရရှိခဲ့တယ်လို့ သိရပါတယ်။
“နှစ်ခါရှိပြီ အပစ်ခံရတာ၊ အခုလည်း ၁၀ ချက်လောက်ရှိတယ် ဝင်ပစ်သွားတာ၊ ရာအိမ်မှူးမကတော့ သေသွားတယ်၊ အုပ်ကြီးနဲ့ မီးသတ်ကတစ်ယောက်က ဒဏ်ပြာပြင်းတယ်လို့ပြောတယ်၊ အခုတော့ ခွေးတွေမွှေနေတယ်” လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်အပြီးမှာ စစ်အုပ်စုက အနီးဝန်းကျင်ကို ပိတ်ဆို့စစ်ဆေးနေပြီး လမ်းသွားလမ်းလာတွေကိုပါ တားဆီးကာ လက်ကိုင်ဖုန်းတွေ စစ်ဆေးနေတယ်လို့ သိရပါတယ်။