Photo – ဗကသများအဖွဲ့ချုပ်
ဒီနေ့ရန်ကုန်မြို့မှာ “သံပူခိုက် အားစိုက်ထုနှက်ကြ” စာသားကိုင်ဆောင်ပြီး ဗကသများအဖွဲ့ချုပ်ဝင် ကျောင်းသားသမဂ္ဂများနဲ့ လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီ_DPNS တို့ဦးဆောင်ပြီး အကြမ်းဖက်စစ်အုပ်စု ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။
ဗကသများ အဖွဲ့ချုပ်၀င် ကျောင်းသားသမဂ္ဂတွေဖြစ်တဲ့ ရွှေပြည်သာမြို့နယ် ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ လှိုင်သာယာမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ တာမွေမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ အင်းစိန်မြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ဒဂုံမြို့သစ်မြောက်ပိုင်းမြို့နယ်ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ မြောက်ဥက္ကလာပမြို့နယ် ကျောင်းသားများသမဂ္ဂ (ဗကသများအဖွဲ့ချုပ်)၊ ရန်ကုန်အဝေးသင် တက္ကသိုလ်ကျောင်းသားများ သမဂ္ဂ (ဗကသများအဖွဲ့ချုပ်) နဲ့ လူ့ဘောင်သစ် ဒီမိုကရက်တစ်ပါတီ၊ လူ့ဘောင်သစ်လူငယ်၊ ရွှေပြည်သာ သပိတ်ကော်မတီ၊ တော်လှန်သော မီးရထားဝန်ထမ်းတွေနဲ့၊ Progressive Muslim Youth Association_PMYA ၊ North Dagon Oppressed People’s Strike Colition_NDOPSC တို့ ပူးပေါင်းပြုလုပ်ခဲ့တာပါ။