ဒီနေ့မနက် ၅ နာရီမထိုးခင် ရန်ကုန်-နေပြည်တော် အမြန်လမ်းပေါ် ခရီးသည်တင်ယာဉ်တစ်စီး ချောင်းထဲထိုးကျခဲ့ပေမဲ့ အသေအပျောက်မရှိဘူးလို့ သိရပါတယ်။
ဒီနေ့မနက် ၄ နာရီ ၄၇ မိနစ်မှာ အမြန်လမ်း ၉၉ မိုင် ၅ ဖာလုံအရောက် နန်းထိုက်တော်ဝင် ခရီးသည်တင် Express ယာဉ် ချောင်းထဲထိုးကျခဲ့ခြင်းဖြစ်ကြောင်း အကူအညီပေးခဲ့တဲ့ ဆင်ဖြူတော် လူမှုကူညီရေးအဖွဲ့က ထုတ်ပြန်ပါတယ်။
‘အသေအပျောက် မရှိဘူး။ ဒဏ်ရာရတဲ့သူ ၁၀ ယောက်ကျော်ရှိတယ်’ လို့ သွားရောက်ကူညီပေးခဲ့သူ တစ်ဦးက ပြောပါတယ်။
ကားဟာ ဘီးပေါက်ပြီးနောက် ချောင်းထဲထိုးကျတာလို့ သူက ပြောပါတယ်။
ဧပြီ ၂၁ ရက်နေ့ မနက် ၅ နာရီလောက်ကလည်း ရန်ကုန်တောင်ပိုင်းခရိုင်၊ ခရမ်းမြို့နယ်၊ ကမာကလူရွာအနီးက ချောင်းထဲကို စစ်ကားတစ်စီး ထိုးကျသွားခဲ့ပြီး ဗိုလ်မှူးအပါအဝင်စစ်သား ၅ ဦးထက်မနည်း သေသွားခဲ့ပါတယ်။