သတင်းပေးလို့ နာမည်ကြီးနေတဲ့ စစ်ထောက်လှမ်းရေးဟောင်းကို ရှင်

ကရင်ပြည်နယ်၊ ကြာအင်းဆိပ်ကြီးမြို့နယ်အတွင်း သတင်းပေးလို့ နာမည်ကြီးနေတဲ့ စစ်ထောက်လှမ်းရေး ဟောင်းတစ်ဦးကို ရှင်းလင်းခဲ့တယ်လို့ သိရပါတယ်။
မနေ့ည ၇ နာရီကျော်လောက်မှာ ကြာအင်းဆိပ်ကြီးမြို့နယ်၊သံပုရာကျေးရွာနေ စစ်တပ်သတင်းပေးလို့ နာမည်ကြီးနေတဲ့ မင်းမင်းဆိုသူကို ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လမြိုင်) က ရှင်းလင်းလိုက်တယ်လို့ ထုတ်ပြန်ပါတယ်။
မင်းမင်းဆိုသူဟာ အရင်အာဏာရှင်ဟောင်း ခင်ညွန့်လက်ထွက် စစ်ထောက်လှမ်းရေးဟောင်း တစ်ဦးဖြစ်တယ်လို့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ (မော်လမြိုင်) ရဲ့ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။