တနင်္သာရီတိုင်း ထားဝယ်မြို့နယ် မောင်မယ်ရှောင်ကျေးရွာမှာ ကြံ့ဖွံ့ပါတီဝင်တစ်ဦးဖြစ်သူ ဦးဆီဇာလွင် (ခ) ကိုဒန်းဂါးကို အမည်မသိ သေနတ်သမား ၂ဦးက သေနတ်နဲ့ လာရောက်ပစ်ခတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။
ဒီကနေ့ ဧပြီလ ၉ရက်နေ့ ညနေ ၄နာရီလောက်မှာ ဦးဆီဇာလွင်ဟာ သူ့ဝက်မွေးမြူရေးခြံရှေ့မှာ ရှိနေချိန် အမည်မသိအမျိုးသား ၂ဦးက သေနတ်နဲ့ သုံးချက် လာရောက်ပစ်ခတ်ခဲ့တာဖြစ်တယ်လို့ သိရပါတယ်။
ပစ်ခတ်မှုဖြစ်စဉ်နဲ့ ပက်သက်ပြီး ဘယ်အဖွဲ့အစည်းက လုပ်ဆောင်ခဲ့တယ် ၊ ဘာ့ကြောင့် လုပ်ဆောင်ခဲ့တယ်ဆိုတာကိုတော့ သီးခြား ထုတ်ပြန်လာတာ မရှိသေးပါဘူး။