မန္တလေးဘူတာကြီးမှာ စစ်ကိုင်းကို ထောက်ပို့သွားမယ့် ရထားကို ဗုံးခွဲတိုက်ခိုက်

မန္တလေးဘူတာကြီးက‌နေ စစ်ကိုင်းတိုင်းကို ထောက်ပို့သွားမယ့် ရထားကို မန္တလေးမြို့ပြပျောက်ကျားတပ်ဖွဲ့တွေက ပူးပေါင်းပြီး ဗုံးခွဲတိုက်ခိုက်ခဲ့တယ်လို့ Ranger of Mandalay က သတင်းထုတ်ပြန်ထားပါတယ်။
ဧပြီလ ၆ရက် ညနေ ၆ နာရီလောက်က Ranger of Mandalayက ဗိုလ် Phoenix နဲ့ Justice Mandalay PDF က ရဲဘော်ရှဲဒိုးတို့က မန္တလေးဘူတာကြီးကနေ စစ်ကိုင်းကို ထောက်ပို့သွားမယ့်ရထားကို ဗုံးတစ်လုံးခွဲ တိုက်ခိုက်ခဲ့လို့ ရထားနောက်ခန်း ပျက်စီးသွားတယ်လို့ မန္တလေးမြို့ပြပြောက်ကျား မဟာမိတ် တပ်ပေါင်းစု (ARFOM) ကလည်း ထုတ်ပြန်ထားပါတယ်။