ရန်ကုန်မြို့၊ တောင်ဒဂုံမြို့နယ်က ပြည်ခိုင်ဖြိုး ပါတီဝင် အမျိုးသမီးတစ်ဦးကို မနေ့က ဧပြီ ၄ရက်မှာ အမည်မသိ သေနတ်သမားတစ်ဦးက နေအိမ်အနီး အနီးကပ် ပစ်ခတ်သွားခဲ့လို့ သေဆုံးခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။
ဧပြီ ၄ ရက် ည ၈နာရီလောက်က တောင်ဒဂုံမြို့နယ် (၅၃) ရပ်ကွက်မှာ နေထိုင်တဲ့ အမျိုးသမီးတစ်ဦးဟာ သူ့ရဲ့ နေအိမ်ကို ပြန်လာချိန် နေအိမ် အနီးကို အရောက်မှာ အမည်မသိ သေနတ်သမားတစ်ဦးက အနီးကပ် ပစ်ခတ်ခဲ့တယ်လို့ ဆိုပါတယ်။
ပစ်ခတ်ခံရတဲ့ အမျိုးသမီးဟာ နေရာမှာတင် ပွဲခြင်းပြီးသေဆုံးခဲ့ပြီး သူဟာ ကြံ့ဖွံ့ပါတီ ရပ်ကျေးကော်မတီဝင် တစ်ဦးဖြစ်တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။
“သူ့နာမည်က မရင်ရင်ဝင်း။ ပေါက်ကျော်မလို့လည်း ခေါ်ကြတယ်ဗျ။ ကြံ့ဖွတ်က ရပ်ကျေးကော်မတီဝင်လို့လည်း ပြောတယ်။ ” လို့ သူက ပြောပါတယ်.
ဒီဖြစ်စဥ်မှာ ပစ်ခတ်သွားတဲ့ သေနတ်သမား ဘယ်သူဆိုတာကိုတော့ မသိရသေးပါဘူး။