ခန်းကြီးအထွက်မှာ စစ်အုပ်စု မိုင်းဆွဲခံရပြီး ၄ ဦးသေ

မကွေးတိုင်း၊ ရေစကြိုမြို့နယ်က ပခန်းကြီးအထွက်မှာ အကြမ်းဖက်စစ်အုပ်စုကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ၄ ဦးသေပြီး ဒဏ်ရာရသူတွေလည်းများကြောင်း သိရပါတယ်။
ဒီနေ့မနက် ၁၁ နာရီလောက်မှာ စစ်သား၊ ရဲနဲ့ပျူစောထီးတို့ကို ပခန်းကြီးအထွက်မှာ မိုင်းနှစ်ကြိမ်ဆွဲ တိုက်ခိုက်ခဲ့ခြင်းဖြစ်ကြောင်း ရေစကြို PDF က ထုတ်ပြန်ပါတယ်။
ဧပြီ ၃ ရက်နေ့၊ မနက် ၁၀ နာရီခွဲကလည်း ရေစကြိုမြို့နယ်၊ ထန်းတိုရွာ အနီးမှာ အကြမ်းဖက် စစ်ကားတစ်စီးကို မိုင်း ( ၂ ) လုံးဆွဲ တိုက်ခိုက်ခဲ့ရာ ကားပျက်စီးခဲ့ပြီး အကြမ်းဖက်စစ်သားတွေ သေဆုံးထိခိုက်မှု ရှိနိုင်တယ်လို့ ရေစကြို PDF က ထုတ်ပြန်ပါတယ်။
‘စစ်ခွေးတွေက ရေလယ်ကျွန်းမှာ ဝင်သောင်းကျန်းနေတော့ တစ်ဖက်မှာ လှုပ်ပေးတာလို့ထင်တယ်။ စစ်ခွေးတွေအားနည်းတဲ့ဘက်မှာ ရသလောက်ပြန်ချနေတာ’ လို့ ရေစကြိုမြို့၊ ၅ ရပ်ကွက်နေ တက်ကြွလူငယ်တစ်ဦးက ပြောပါတယ်။
ဧပြီ ၃ ရက်နေ့ မနက် ၁၀ နာရီလောက်ကလည်း ရှင်မတောင်၊ တောင်တက်လမ်းပေါ်လာတဲ့ စစ်သားနဲ့ရဲတို့ကို မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ အကြမ်းဖက်စစ်သား ၃ ဦး သေဆုံးခဲ့ပါတယ်။