အာဆီယံအထူး ကိုယ်စားလှယ်နဲ့ အကြမ်းဖက်စစ်အုပ်စု တွေ့ဆုံမှုကန့်ကွက်​တဲ့ သံဃသမဂ္ဂ သပိတ်စစ်ကြောင်

ဒီနေ့ မတ်လ ၂၂ ရက်နေ့မှာ အာဆီယံအထူး ကိုယ်စားလှယ်နဲ့ အကြမ်းဖက် စစ်အုပ်စု တွေ့ဆုံမှုအ​ပေါ်ကန့်ကွက်​ကြောင်း သံဃသမဂ္ဂသံဃာ​တော်များဦး​ဆောင်ကာ ချီတက်သပိတ်​မှောက်ခဲ့ပါတယ်။
“ASEAN STAND FOR DEMOCRACY NOT FOR DICTATOR “၊“ အာဆီယံ ဒီမိုကရေစီ အတွက်ရပ် တည်ပါ။ အာဏာရှင်ကိုဆန့်ကျင်ပါ။ ”စတဲ့စာသားတွေ ကိုင်ဆောင်ပြီး သံဃသမဂ္ဂသံဃာ​တော်တွေဦး​ဆောင်ပြီး ​ကျောင်းသားပြည်သူတွေဝန်းရံခဲ့ကြတာပါ။
သပိတ်စစ်ကြောင်းဟာ မန္တ​လေးမြို့လည်​ခေါင်တ​နေရာမှာ စစ်အုပ်စုနှင့် တွေဆုံတဲ့ အာဆီယံ အထူး ကိုယ်စားလှယ် Prak Sokhonn ကို မြန်မာနိုင်ငံသားတွေ မကြိုဆိုကြောင်း၊ အလိုမရှိကြောင်း ကြွေးကြော်ကာ အာဏာရှင်စနစ် ဖြုတ်ချရေး ချီတတ်သပိတ်မှောက်ခဲ့ကြပါတယ်။