ဒူးပလာယာခရိုင်ထဲက စစ်အုပ်စုရဲ့ ဝန်ထမ်းတွေ ထွက်ခွာကြဖို့ KNU သတိပေး

အာဏာသိမ်း အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ ဝန်ထမ်းတွေ ရာထူးက နှုတ်ထွက်ကြဖို့ KNU ကရင်အမျိုးသား အစည်းအရုံး ၊ ဒူးပလာယာခရိုင်က ဒီကနေ့ ထုတ်ပြန်ကြေညာလိုက်ပါတယ်။
ဒူးပလာယာခရိုင်၊ ကော့ကရိတ်မြို့နယ်အတွင်း အခုစာထုတ်ပြန်တဲ့ နေ့ကစပြီး အကြမ်းဖက်စစ်အုပ်စု လက်အောက်မှာ တာဝန်ထမ်းဆောင်နေတဲ့ အရပ်ဖက်ဌာနဆိုင်ရာဝန်ထမ်းတွေအနေနဲ့ နေထိုင်ရာဒေသတွေကို ထွက်ခွာကြဖို့နဲ့ ရာထူးက နှုတ်ထွက်ကြဖို့ တိုက်တွန်းထားပါတယ်။
မလိုက်နာဘူးဆိုရင် အကျိုးဆက်ကို တာဝန်ယူမှာ မဟုတ်ဘူးလို့ အသိပေးကြောင်း ဆိုထားပါတယ်။
ကော့ကရိတ်မြို့နယ်အတွင်း အကြမ်းဖက်စစ်အုပ်စုရဲ့ အုပ်ချုပ်ရေးယန္တရား ရပ်တန့်စေဖို့ အခုလို လုပ်ဆောင်တာဖြစ်ပြီး KNU ၊ KNLA ၊ KNDO အဖွဲ့တွေနဲ့ ညှိုနှိုင်းသဘောတူညီချက်အရ အခုထုတ်ပြန်တာလို့ ဖော်ပြထားပါတယ်။
ဒူးပလာယာခရိုင်ထဲမှာ ဒီဇင်ဘာလလယ်မှာ လေးကေ့ကော်တိုက်ပွဲကအစပြုပြီး တိုက်ပွဲတွေ ပြင်းထန်ခဲ့တာ ဒီနေ့အထိ ဖြစ်ပါတယ်။
အရင်ကဆို ဒူးပလာယာခရိုင်ဖြစ်တဲ့ KNU တပ်မဟာ (၆) ဟာ တခြား တပ်မဟာတွေထက် သဘောထားပျော့ပြောင်းပြီး NCA လမ်းကြောင်းအတိုင်း ရပ်တည်ခဲ့တာ ဖြစ်ပါတယ်။