မီးပျက်နေတဲ့ ရန်ကုန်မြို့လယ်မှာ မီးတုတ်တွေကိုင်ဆောင်ဆန္ဒ ထုတ်ဖော်ခဲ့

Photo – YRF
မနေ့က မတ်လ ၁၄ ရက်နေ့ ညပိုင်းက”တော်လှန်ပုန်ကန်မယ့်ရန်ကုန်” စာတန်းနဲ့အတူ ဖယောင်းတိုင်၊ flash light နဲ့ မီးတုတ်တွေကိုင်‌ဆောင်ပြီး မီးပျက်နေတဲ့ အချက်အချာကျ ရန်ကုန်မြို့လယ်ခေါင် တစ်နေရာမှာ အကြမ်းဖက်စစ်အုပ်စု ပတ်ပတ်လည်တပ်စွဲ ထားတဲ့ကြားက ညသပိတ်စစ်ကြောင်းတစ်ခု ပြုလုပ်ခဲ့ပါတယ်။
ညံ့ဖျင်းတဲ့စစ်အုပ်ချုပ်မှုစနစ်ကြောင့် တိုင်းပြည်အခြေအနေ ယိုယွင်းလာသလို မီးပေးဝေမှုစနစ် ပုံမှန်မလည်ပတ်နိုင်တာကို မီးမောင်းထိုးပြတဲ့အနေနဲ့ ဖယောင်းတိုင်ထွန်း မီးတုတ်တွေကိုင်ကာ ၂၀၀၁/၂၀၀၂ အမှောင်ခေတ်တွေကို ပြန်မသွားလိုပဲ စစ်အုပ်ချုပ်မှု အလိုမရှိတာကို ဆန္ဒထုတ်ဖော်ခဲ့ကြတာပါ။
အဆိုပါပျောက်ကြားညသပိတ်စစ်ကြောင်းကိုYangon Revolution Force – YRF (Soft Strike Community)၊ Revolution Force – RF နဲ့အတူအခြေခံပညာ‌ကျောင်းသားများရေးရာအဖွဲ့(အ.က.ရ) လူငယ်တွေ စုပေါင်းချီတက်ဆန္ဒပြသပိတ်မှောက်ခဲ့တာလို့သိရပါတယ်။