မန္တလေး သိပ္ပံလမ်းပေါက်ကွဲမှု မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့

မန္တလေး၊ ချမ်းမြသာစည်မြို့နယ်၊ သိပ္ပံလမ်းနဲ့ ၇၈ လမ်းအနီး မနေ့ကမတ်လ ၁၄ ရက်နေ့ ညနေပိုင်းက ပေါက်ကွဲမှုတစ်ခု ဖြစ်ခဲ့ပြီး မြို့ပြပြောက်ကျားတပ်ဖွဲ့ဝင် နှစ်ဦးကျဆုံးခဲ့တယ်လို့ Mandalay Ranger Force PDF က ထုတ်ပြန်လိုက်ပါတယ်။
ကျဆုံးသွားသူ ၂ ဦးဟာ ပြည်သူ့ရဲဘော် PDF နှစ်ဦးဖြစ်တယ်လို့တရားဝင် အသိပေး ထုတ်ပြန်ထားပါတယ်။
အဆိုပါ ကျဆုံးပြည်သူ့ရဲဘော် ၂ ဦးရဲ့ အလောင်းကို အကြမ်းဖက်စစ်အုပ်စုက သယ်ယူတာမရှိဘဲ လမ်းပိတ် ကင်းပုန်းတွေချပြီး ထောင်ဖမ်းနေတယ်လို့ Mandalay Ranger Force PDF က ဆိုပါတယ်။